ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အလုပ်စမယ်

nca

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, လက်နက်ကိုင် တချို့နဲ့ အပစ်ရပ် လက်မှတ်ထိုးခဲ့

တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ် အရ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် တရပ် ပေါ်ပေါက်ဖို့ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ က အင်္ဂါနေ့ မှာ စတင် ဆွေးနွေး မှာ ဖြစ် ပါတယ်။

ပူးတွဲ ကော်မတီ ကို အစိုးရ-စစ်တပ်-လွှတ်တော် တို့ ဘက်က ကိုယ်စားလှယ် ၁၆ ယောက်၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ တွေ က ၁၆ ယောက် နဲ့ နိုင်ငံရေး ပါတီ ကိုယ်စားပြု ၁၆ ယောက် တို့နဲ့ ဖွဲ့စည်း ထား တာ ဖြစ်ပါ တယ်။

NLD ၊ UNA တိုင်းရင်းသား ပါတီ တွေ၊ ပါတီ ၅၆ ဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ နဲ့ အစိုးရ အဖွဲ့ အစည်း အသီးသီး က ရေးဆွဲ ထားတဲ့ မူဘောင် ၅ ခု ကို စုစည်းပြီး အားလုံး အချုပ် မူဘောင် တခု ကို တင်သွင်းမယ် လို့ နိုင်ငံရေး ပါတီ အစု အဖွဲ့ က ကိုယ်စားလှယ် စောသန်းမြင့် က ပြောပါတယ်။

ဒီမူတွေ ထဲက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး ဆိုင်ရာ အချက် တွေ ကို စုစည်း သွားမှာ ဖြစ်ပြီး အခြေခံ ဥပဒေကို အကောင်းဆုံး ဖြစ်အောင် လုပ်မယ်၊ ဖက်ဒရယ် ဒီမိုကရေစီ စနစ် ကို တည်ဆောက် သွားမယ် ဆိုတဲ့ မူတွေ ပေါ် အခြေခံ ရေးဆွဲ သွားမယ် လို့ ဆိုပါတယ်။

တပ်မတော် ဟာ ဒီ ဖက်ဒရယ် ပြည်ထောင်စု နဲ့ ကိုက်ညီအောင် တည်ဆောက် သွားဖို့ ဖြစ်တယ် လို့လည်း သိရပါတယ်။

အသေးစိတ် ကို ဆက်လက် ဆွေးနွေးသွား မှာ ဖြစ်ပြီး နောက်ဆုံး နိုင်ငံရေး ဆွေးနွေးပွဲ တွေ ကမှ ဒီမူကို အတည်ပြုရမှာ လို့လည်း ပြောပါတယ်။