ရှမ်းပြည်မှာ စစ်တပ် က လေကြောင်း က တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, no credits
နိုဝင်ဘာလ ၁၇ ရက်နေ့က ရှမ်းပြည် တောင်ပိုင်း မိုင်းရှုး မြို့နယ်ထဲက ရှမ်းပြည်တပ်မတော် မြောက်ပိုင်း အဖွဲ့ SSPP/SSA ရဲ့ ဌာနချုပ် အနီးကို အစိုးရ စစ်တပ် က တိုက်လေယာဉ် တွေနဲ့ လာရောက် တိုက်ခိုက်ခဲ့ကြောင်း SSPP/SSA ရဲ့ ပြောရေး ဆိုခွင့် ရှိသူ က ဘီဘီစီ ကို ပြောပါတယ်။
ဝမ်ဆော့ နဲ့ သိပ်မဝေးတဲ့ နေရာကို အစိုးရ စစ်တပ် က ရုရှ နိုင်ငံလုပ် MIG-29 တိုက်လေယာဉ် တွေနဲ့ လေးကြိမ် လောက် ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့ကြောင်း SSPP/ SSA ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းစု က ပြောပါတယ်။
တိုက်ပွဲ သတင်းတွေနဲ့ ပါတ်သက်လို့ စစ်တပ်ဘက်ကို ဘီဘီစီ က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ အဆက်အသွယ် မရရှိ ခဲ့ပါဘူး။
အစိုးရ စစ်တပ်နဲ့ SSPP/SSA တို့ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ရက်ပေါင်း ၄၀ ကျော် ရှိနေပြီး ဒေသခံ ၅၀၀၀ ကျော်ဟာ စစ်ဘေး ဒုက္ခသည် အဖြစ် အခြား နေရာတွေမှာ သွားရောက် တိမ်းရှောင်နေရပါတယ်။
တပ် နေရာချ ထားမှုတွေနဲ့ ပါတ်သက်ပြီး အခုလို တိုက်ပွဲ တွေ ပြန်ဖြစ်လာတယ်လို့ ယူဆ နေကြပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ အနေနဲ့ ဘာမှ ကြားဝင် ဆောင်ရွက် ပေးတာမျိုး မရှိသေးကြောင်း သိရပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့တုန်း ကလည်း အစိုးရ စစ်တပ်ဟာ ကချင် လွတ်မြောက်ရေး တပ် KIA ရှိရာ မိုးညှင်းမြို့ အနီးမှာ ရဟတ်ယာဉ်တွေ နဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့ပါတယ်။




