တောင်တရုတ်ပင်လယ်ကိစ္စ အာဆီယံမှာဆွေးနွေးမည်

ဓာတ်ပုံ ရင်းမြစ်, AFP
ကျင်းပနေတဲ့ အာဆီယံအစည်းအဝေးမှာ ဆွေးနွေးကြမယ့်အဓိက အကြောင်းအရာတွေထဲမှာ ဖိလစ်ပိုင်နဲ့တရုတ်တို့အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ရေပိုင်နက် ကိစ္စလည်းထိပ်ဆုံးကပါပါတယ်။
မနက်ဖြန်တနင်္ဂနွေနေ့မှာတော့ အာဆီယံခေါင်းဆောင်၁၀ဦးဟာ အာဆီယံစီးပွားရေး သဘောတူညီမှုစာချုပ်ကို အတူတကွလက်မှတ်ထိုးထုတ်ပြန်ဖို့ရှိပါတယ်။
မြန်မာသမ္မတဦးသိန်းစိန်လည်း အာဆီယံအစည်းအဝေးတက်ရောက်နေပါတယ်။
မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးရဲ့ အဖွင့်အခမ်းအနားမှာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က IS အဖွဲ့ရဲ့အစွန်းရောက်အတွေးအခေါ်ကို ရူံ့ချတယ်လို့ပြောကြားခဲ့ပါတယ်။
အာဆီယံထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်နေတဲ့ အမေရိကန်သမ္မတအိုဘားမားကတော့ မာလီတိုက်ခိုက်မှုအပေါ် အလွန်အမင်း စိုးရိမ်တယ်လို့့ပြောပါတယ်။
ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေက အမေရိကန်နိုင်ငံ ရဲ့အကြမ်း ဖက်တိုက်ဖျက်ရေးကို ပိုမိုအားကောင်းလာစေတယ်လို့လည်း သူကပြောပါတယ်။သမ္မတအိုဘားမားနဲ့အတူတရုတ်၊ဂျပန်၊ဩစတြေလျ၊နယူးဇီလန်၊ရုရှနဲ့တောင်ကိုရီးယားခေါင်းဆောင်တွေလည်း အာဆီယံအစည်းအဝေးတက်ရောက်နေကြတဲ့အတွက် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့လုံခြုံရေးကို တင်းတင်း ကျပ်ကျပ်ချထားပါတယ်။




