ရခိုင်ဒေသ မဲဆွယ်မှု အခြေအနေ

ရခိုင် ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် မောင်တော ဘက်က ရွေးကောက်ပွဲ မဲဆွဲ စည်းရုံး မှုတွေ ကတော့ ထူးခြားမှု ရှိနေ ပါတယ်။
ရခိုင် အမျိုးသား ပါတီ ANP အပါ အဝင် NLD နဲ့ ကြံ့ခိုင်ရေး တို့ အပြင် ပါတီငယ် တချို့လည်း ဝင်ရောက် ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။
အဲဒီ မှာက မွတ်ဆလင်တွေ အများစု ရှိတဲ့ မြို့နယ်တွေ ဖြစ်ပေမယ့် ဝှိုက်ကတ် ကိုင်ဆောင် သူတွေ မဲပေးခွင့် မရလို့ ဒေသခံ အများစု ကတော့ မဲပေးခွင့် ရရှိကြမှာ မဟုတ် ပါဘူး။
ဒီအတွက် ဒီမိုကရေစီနဲ့ လူ့ အခွင့် အရေး ပါတီ ကတော့ သူတို့ကို ထောက်ခံမယ့် မွတ်ဆလင် မဲဆန္ဒရှင် အများစုဟာ မဲ ပေးခွင့် မရှိတော့ တာ ကြောင့် စည်းရုံး ရေး မလုပ်နိုင် ဖြစ်နေ တယ်လို့ ပါတီ ဥက္ကဌ ဦးကျော်မင်း က ပြောပါတယ်။
တချိန်တည်း မှာပဲ သူတို့ ပါတီရဲ့ ကိုယ်စားလှယ်လောင်း အားလုံး နီးပါး က ဥပဒေနဲ့ မညီလို့ ကော်မရှင်က ပယ်ချ ထားပြီး၊ ကိုယ်စားလှယ် ၁ ဦးသာ ယှဉ်ပြိုင် ခွင့်ရ ထားတာ ဖြစ်ပါတယ်။
မွတ်ဆလင် မဲဆန္ဒရှင် တွေ မဲပေးခွင့် မရှိ သလောက် ဖြစ်သွားတဲ့ အတွက် ဒါဟာ အားသာ ချက်လို့ ပြောလို့ ရနိုင်ကြောင်း ANP ပါတီက ဦးမောင်အုန်းက ဘီဘီစီကို ပြောပါတယ်။
ဒါပေမယ့်လည်း သူဟာ ကြံ့ခိုင်ရေး ပါတီက လက်ရှိ ရခိုင် ယာယီ ဝန်ကြီး ချုပ် ဦးမြအောင် နဲ့ ယှဉ်ပြိုင် မှာဖြစ်ပါတယ်။




