မြစ်​အကြေ​ပိုင်း​မှာ​လည်း ရေ​ကြီး​နေပြီ

myanmar_flood_kalay_

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကလေးမြို့ မှာ တော့ ရေ အနည်းငယ် ကျလာပြီ ဖြစ်ပေမယ့် ဆန်စျေးကြီးတဲ့ ဒဏ်၊ ဆေးဝါး ပစ္စည်း မလုံလောက်တဲ့ ဒဏ်တွေ ခံနေရ ပါတယ်။

ဧရာဝတီ မြစ်ညာပိုင်း နဲ့ မကွေးတိုင်း ထဲက ဒေသတွေမှာ ရေကြီး မှု ရေလျှံမှု တွေ အကြီးအကျယ် ဖြစ်ပေါ် နေခဲ့ပြီး ရက် အတန် အကြာမှာပဲ မြစ်အကြေပိုင်း ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသတွေ မှာ ရေကြီး နစ်မြုပ်မှု တွေ ကြုံတွေ့ လာနေပြီ ဖြစ်ပါတယ်။

အထူးသဖြင့် ဧရာဝတီမြစ်ဘေးမှာ ရှိတဲ့ ဟင်္သတ၊ ဇလွန်နဲ့ ညောင်တုန်းမြို့ တွေမှာ အခြေအနေဟာ စိုးရိမ် နေရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ဟင်္သတ မြို့နယ် ထဲက မြစ်ကမ်းနဖူး ရွာတွေ အားလုံးလိုလို ရေမြုပ် နေကြပြီ ရေဘေး ကယ်ဆယ်ရေး စခန်း ဖွင့် ထားရ တာ ၉ ခု ရှိသွားပြီ လို့ မြို့ခံ ၈၈ မျိုးဆက် ငြိမ်းပွင့် တစ်ဦး ဖြစ်တဲ့ ကိုဝေဖြိုးက ပြောပါတယ်။

အဲဒီ့ စခန်း တွေ ထဲ မှာ လာရောက် ခိုလှုံ နေကြ သူပေါင်း ၁၈၀၀ ကျော် ရှိတယ်လို့ လည်း ဆိုပါတယ်။

မိုးလည်း သည်းထန် နေပြီး မြစ်ကမ်း နဖူးက တာရဲ့ တချို့ နေရာ တွေ မှာ ရေစိမ့် နေတာမျိုး၊ အပေါက် ပေါက် သွားတာ မျိုး တွေ ရှိလာတဲ့ အတွက် လိုက်လံ ပိတ်ဆို့ နေရတယ် လို့လည်း ကိုဝေဖြိုးက အခြေအနေ ကို ပြောပါတယ်။

ညောင်တုန်း မြို့ မှာ ဆိုရင်လည်း ရေဟာ စိုးရိမ် ရေမှတ်ထက် ၂ ပေ ကျော် ကာ မြို့ ထဲ ကို ရေတွေ ဝင်ရောက် လာနေပြီ လို့ ရေဘေး ကယ်ဆယ်ရေး လုပ် နေတဲ့ မနီနီမိုး က ပြောပါတယ်။

မြို့ခံ တွေ၊ အာဏာပိုင် တွေ အနေနဲ့ မြစ်ကမ်း က တာတလျှောက် သဲအိတ် တွေ လိုက်လံ ချထား နေပြီး ဘေးလွတ်ရာ ပြောင်းရွှေ့ နေကြ ဖို့ သတိပေးမှု တွေ လည်း ပြုလုပ် နေကြ တယ် လို့ ဆိုပါတယ်။

ပဲခူးမြို့မှာ တော့ ရေဘေး ဒုက္ခသည် စခန်း ၁၇ ခုလောက် ဖွင့်ထားပြီး စုစုပေါင်း လူဦးရေ လေးသောင်း ဝန်းကျင် ရှိနေပါတယ်။

ရေကြီး ရေမြုပ်မှု နဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ သတိပေး နှိုးဆော်တာ တွေ ပြုလုပ် ပေမယ့် ကြိုတင် ကာကွယ်တဲ့ အပိုင်းနဲ့ တာဝန်ယူ ရွေ့ပြောင်း ပေးတဲ့ အပိုင်းတွေ မှာ တော့ အလွန် အားနည်းတာ ကို တွေ့ရတယ် ဆိုပြီး ဒေသခံ တွေ က ဝေဖန် နေကြပါတယ်။