ကချင်စစ်ပွဲ ၄နှစ်ပြည့် ဒုက္ခသည်တွေ နေရပ် မပြန်နိုင်သေး

kachin_refugees
ဓာတ်ပုံ ပုံစာ, ကချင် ပြည်နယ် မှာ ဒုက္ခသည် တွေ ရှိနေ ဆဲ ဆိုတဲ့ အချက် နဲ့ ဒုက္ခသည် တွေ ကို ကူညီ ထောက်ပံ့ရေး ကိစ္စ တွေ မှာ အများ ရဲ့ အာရုံစိုက် အလေး ထား မှု လျော့ ကျ လာ နေ။

ကချင် ပြည်နယ် တွင်း မှာ စစ်ပွဲ တွေ တကျော့ ပြန် ဖြစ် ပေါ် လာခဲ့ တာ ၄ နှစ် မြောက် အချိန် မှာ ပြည်နယ် အတွင်း တိုက်ပွဲ တွေ ကြို့ကြား ကြို့ကြား ဆိုသလို ဖြစ်ပေါ် နေဆဲ ဖြစ်ပြီး စစ်ဘေး ဒုက္ခသည် များ လည်း မိမိ တို့ နေရပ် ကို ပြန် နိုင်ရေး လည်း အလှမ်းဝေး နေဆဲ ဖြစ်တယ် လို့ ကချင် ပြည်နယ် ငြိမ်းချမ်း ရေး အတွက် လှုပ် ရှား နေသူ တွေ က ပြောပါ တယ်။

ဒီလို ကချင် ပြည်နယ် မှာ ဒုက္ခသည် တွေ ရှိနေ ဆဲ ဆိုတဲ့ အချက် နဲ့ ဒုက္ခသည် တွေ ကို ကူညီ ထောက်ပံ့ရေး ကိစ္စ တွေ မှာ အများ ရဲ့ အာရုံစိုက် အလေး ထား မှု လျော့ ကျ လာ နေတယ် လို့ ကချင် ငြိမ်းချမ်း ရေး ကွန်ရက် ကို ဦးဆောင် လှုပ်ရှား နေတဲ့ ဒေါ်ခွန်ဂျာ က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့ အပြင် ကချင် ဒုက္ခသည် တွေ ကို ကူညီ ထောက်ပံ့ နေတဲ့ ကုလ သမဂ္ဂ ရဲ့ လူသားချင်း စာနာ နားလည် တဲ့ အထောက် အပံ့ တွေ ပေး ရေး အဖွဲ့ UNOCHA ရဲ့ အဆို အရ လည်း အခု နှစ် အတွက် ရံပုံငွေ ရရှိ မှု တွေ မပြည့်မီ တဲ့ အတွက် အဲဒီ အကျိုးဆက် အနေ နဲ့ ကချင် ပြည်နယ် ထဲက ဒုက္ခသည် တွေ လည်း အခု ဇွန်လ နောက်ပိုင်း က စလို့ ရရှိ နေကျ ဆန်၊ ဆီ၊ ဆား ပမာဏ တွေ ထက်ဝက် သာ ရရှိ နိုင် တော့ မှာ ဖြစ် တယ် လို့ လည်း ဒေါ်ခွန်ဂျာ က ဆို ပါတယ်။

ကချင် ဒုက္ခသည် တွေ ကို ကူညီ ရေး ရံပုံ ငွေ ရ ရှိ ဖို့ နဲ့ ကချင် တကျော့ပြန် စစ် ၄ နှစ်ပြည့် အထိမ်း အမှတ် အနေနဲ့ ဂျွန်လ ၆ ရက် စနေ နေ့ မှာ ရန်ကုန် မြို့ ဗိုလ်စိန်မှန် ကွင်း မှာ အရပ်ဘက် လူမှု အဖွဲ့အစည်း တွေ ၊ တက်ကြွ လှုပ်ရှား သူ တွေ စု ပေါင်းပြီး Concern, Care and Contribute to the IDPs ဆို တဲ့ ခေါင်းစဉ် နဲ့ လှုပ်ရှား မှု တွေ ပြုလုပ် ဖို့ ရှိပါတယ်။