ကချင်ဒေသ ဒုက္ခသည်တွေကို နေရာ ရွှေ့ဖို့ အာဏာပိုင်တွေ စီစဉ်

ဓာတ်ပုံ ရင်းမြစ်, AP
ကချင်ပြည်နယ်က IDP စစ်ပြေး ဒုက္ခသည် တွေ၊ ရွာပုန်း ရွာရှောင် ဒုက္ခသည်တွေကို နေရာရွှေ့ပြောင်းဖို့ အာဏာပိုင် အဖွဲ့အစည်း တွေဘက်က စီစဉ်နေကြပါတယ်။
KIO နယ်မြေမှာ ရှိတဲ့ ဒုက္ခသည်တွေကို နေရာ ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက တရားဝင် ပြောဆို တာမျိုး မရှိပေမယ့် မြစ်ကြီးနားမှာ ရှိတဲ့ IDP ရွာပုန်း ရွာရှောင် ဒုက္ခသည်တွေကို အစိုးရ စီမံကိန်းနဲ့ နေရာ ရွှေ့ပြောင်း ချထားတယ်လို့ သိရကြောင်း လိုင်ဇာ စစ်ပြေး ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဒွဲဘီဇား က ဘီဘီစီကို ပြောပါတယ်။
တန်ဖိုးနည်း စီမံကိန်းအနေနဲ့ သတ်မှတ်ထားတဲ့ နေရာမှာ အစိုးရက အိမ်ခြေ ၁၀၀လောက် ဆောက်ထားပေးပြီး ပြောင်းရွှေ့လိုသူတွေကို ပြောင်းရွှေ့ပေး နေတယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေအနေနဲ့ ကိုယ့်နေရပ်ရင်းကို ပြန်လိုကြပေမယ့် ခုလောလောဆယ်မှာ လုံခြုံရေးအရ ပြန်လို့ ရမယ့် အခြေအနေမျိုးမှာ မရှိသေးဘူးလို့ လိုင်ဇာ စစ်ပြေး ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဒွဲဘီဇား က ပြောပါတယ်။




