ကိုးကန့်မှာ ကြက်ခြေနီကား ထပ်မံ တိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters
ရှမ်းပြည် မြောက်ပိုင်း ကိုးကန့် ဒေသ တိုက်ပွဲ တွေမှာ ကယ်ဆယ် မှုတွေ ဆောင်ရွက် နေတဲ့ ကြက်ခြေနီ ကား ဒုတိယ အကြိမ် တိုက်ခိုက် ခံခဲ့ရ ပါတယ်။
စနေနေ့ နေလည်ပိုင်းက ချင်းရွှေဟော်နဲ့ လုံထံ ရွာ အနီးမှာ တိုက်ခိုက် ခံရတာ ဖြစ်ပြီး လူ ၄ ဦး ဒဏ်ရာ ရရှိသွား ပါတယ်။
ကားပေါ်မှာ ကလေး အပါ အဝင် လူ ၁၃ ဦး ပါလာတာ ဖြစ်ပြီး ဘေးညာ နှစ်ဘက် အပစ် ခံရတာ ဖြစ်တယ်လို့ ကားပေါ်မှာ လိုက်ပါလာ ခဲ့သူ 7 Day သတင်းစာ သတင်းထောက် ကိုအောင်ခိုင် က ဘီဘီစီကို ပြောပြ ပါတယ်။
ဒဏ်ရာ ရသူတွေ ကတော့ ကားမောင်းသမား၊ ကြက်ခြေနီ တဦး၊ MRTV4 က သတင်းထောက် နဲ့ ဒုက္ခသည် တဦး တို့ ဖြစ်ကြ တယ်လို့ ကိုယ်တွေ့ မြင်တွေ့ ခဲ့ရတဲ့ ကို အောင်ခိုင်က ပြောပါတယ်။
ကားကို ကြက်ခြေနီ အလံ အထင်ရှားဆုံး မြင်ရအောင် ထောင်ထားတာ ဖြစ်ကြောင်းနဲ့၊ ကားရှေ့ဖုံးမှာလည်း ကြက်ခြေနီ တံဆိပ် နဲ့ စားသား ပါတယ် လို့ ဆိုပါတယ်။
အညာဘက်က ကြံလာခုတ် တဲ့ အလုပ်သမား ဒုက္ခသည်တွေ အများကြီး ကျန်နေသေး တယ်လို့လည်း ကိုအောင်ခိုင်က ပြောပါတယ်။
တိုက်ပွဲ အခြေ အနေ ကတော့ ည မှောင်စပျိုး လာရင် လက်နက်ကိုင်တွေ ဘက်ကနေ အစိုးရ တပ်ဖွဲ့တွေကို လက်နက်ကြီး တွေနဲ့ လာပစ် တာတွေ ရှိတယ်လို့ သိရ ပါတယ်။




