ကိုးကန့်မှာ အများအားဖြင့် တည်ငြိမ်နေ

ဓာတ်ပုံ ရင်းမြစ်, epa
စစ်အုပ်ချုပ်ရေး စတင်ကျင့်သုံး နေပြီဖြစ်တဲ့ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အတွင်း ချင်းရွှေဟော်ဘက်မှာ တိုက်ပွဲတွေ အေးဆေးနေပေမဲ့ ကုန်းကြမ်း ဘက်မှာတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကိုးကန့်နဲ့ TNLA တအာင်း စုပေါင်း တပ်ဖွဲ့နဲ့ အစိုးရ တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။
အစိုးရ ဘက်က တော့ ၁၈ ရက်နေ့ အထိ တိုက်ပွဲတွေ ဖြစ်ခဲ့တာကို သတင်း ထုတ်ပြန်ထား ပါတယ်။
စစ်ရှောင် ဒုက္ခသည်တွေကတော့ တယောက်စ နှစ်ယောက်စ လာနေကြသေးတယ်လို့ ချင်းရွှေဟော် အုပ်ချုပ်ရေး တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။
တရုတ် နှစ်သစ်ကူးနေ့မှာ ကိုးကန့်ဒေသအတွင်း မီးရှူးမီးပန်း ဖေါက်တာတောင်မရှိဘူးလို့ သိရပါတယ်။
လားရှိုးမြို့ မှာတော့ တရုတ် နှစ်သစ်ကူးနေ့မှာ ပျော်ပွဲရွင်ပွဲ တချို့ရှိပြီး ခါတိုင်းနှစ်တွေနဲ့ မတူဘဲ ခြောက်ကပ် နေတယ်လို့ လားရှိုး ဒေသခံတွေက ပြောပါတယ်။




