အာဆီယံ လူငယ် စီပွား စွန့်ဦးတီထွင်ဆု မြန်မာ လုပ်ငန်းရှင် ဆွတ်ခူး

မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေး ကာလ စီးပွားရေးနဲ့ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ညီလာခံ ကနေ အာဆီယံ စီးပွားရေး ဆုတွေ ပေးခဲ့တာ မှာ မြန်မာ နိုင်ငံမှာ Call Centre တွေ တည်ထောင် ခဲ့တဲ့ ဘလူးအိုးရှင်း ကုမ္မဏီ အပါအဝင် တခြား မြန်မာ လုပ်ငန်းတွေ ဆုတွေ နေရာ အသီးသီး မှာ ရခဲ့ပါတယ်။
အသက် ၄၅ နှစ်အောက် လူငယ် စွန့်ဦးတီထွင် ဆု ကို ဘလူးအိုးရှင်း ကုမ္ပဏီ ကို တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ကိုထွန်းထွန်းနိုင် ရသွားပါတယ်။
၂၀၀၉ မှာ လူ အနည်းငယ် နဲ့ စတင်ခဲ့တဲ့ ဘလူးအိုးရှင်းဟာ ဒီနေ့ အချိန်မှာ ဝန်ထမ်းဦးရေ ၅၀၀ ကျော်နဲ့ လည်ပတ် နေနိုင်တဲ့ အခြေအနေမျိုး တိုးတက်ခဲ့တယ် လို့ ကိုထွန်းထွန်းနိုင် က ပြောပါတယ်။
ဘဏ္ဍာရေး ပိုင်းမှာလည်း တကယ် ငွေကြေးအရ အမြတ်အစွန်းရှိတယ်၊ အခွန်တာဝန် ကျေပွန်တယ်၊ ပရဟိတ လူမှုရေး လုပ်ငန်းတွေလည်း တစ်ဖက်ကနေ ဆောင်ရွက်ပေးတယ် စတဲ့ အခြေအနေ တွေပေါ် မူတည်ပြီး အခုလို ဆုရခဲ့တာ လို့ ကိုထွန်းထွန်းနိုင် က ဘီဘီစီကို ပြောပါတယ်။
ဆုအသစ် ဖြစ်တဲ့ အမျိုးသမီး လုပ်ငန်းရှင် ဆုကို ဒုတိယ ချိတ်ခဲ့တဲ့ City Mart ဆူပါမားကက်ရဲ့ အကြီးအကဲ ဒေါ်ဝင်းဝင်းတင့်က စင်္ကာပူ အခြေစိုက် ကုမ္ပဏီတွေ လို အာဆီယံ ထိပ်တန်း လုပ်ငန်းတွေ ကို အမှီ လိုက်နိုင်ဖို့ အများကြီး ကြိုးစား ရဦးမယ် လို့ ဆိုပါတယ်။
ဒီစီးပွားရေး ဆုတွေကို အမျိုးအစား ၆ မျိုး ခွဲခြားပြီး ပေးခဲ့တာမှာ စင်္ကာပူ ကုမ္ပဏီတွေက ၄ ဆု ရပြီး၊ မြန်မာနဲ့ ဗီယက်နမ် ကုမ္ပဏီ တွေက တစ်ခုဆီ ရခဲ့တာပါ။




