နိုင်ငံခြားရေး ဝန်ကြီး အထွေထွေ ညီလာခံ မှာ ပြောကြား

ဓာတ်ပုံ ရင်းမြစ်, Reuters
ရခိုင် ပြည်နယ်က ဘာသာရေး အဓိကရုဏ်း တွေ ပြေငြိမ်းရေး အတွက် မြန်မာ အစိုးရ အားထုတ် နေကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင် ကုလ သမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောကြား ခဲ့ပါတယ်။
ဒေသ သမိုင်းကြောင်းနဲ့ မျိုးနွယ်စု ရှုပ်ထွေး ကွဲပြား မှု တွေကြောင့် ဒီကိစ္စ အလျင်စလို ကောက်ချက် မချ ကြဖို့လဲ သူက ပြောကြား ခဲ့ပါတယ်။
ကုလ သမဂ္ဂ လူ့အခွင့်အရေး ကောင်စီ မှာ မြန်မာပြည် အရေး ထည့်သွင်း ဆွေးနွေး မယ့် စာရင်းက ဖယ်ရှားဖို့ ဦးဝဏ္ဏ မောင်လွင် က တောင်းဆို ခဲ့ပါတယ်။
မြန်မာ အစိုးရ အနေနဲ့ ဒီဒေသရဲ့ ဖွံ့ဖြိုး တည်ငြိမ်မှု၊ ညီညွတ် အေးချမ်းမှုတွေ ရရှိရေး အတွက် စီမံချက် ရေးဆွဲ ဆောင်ရွက် နေတယ် လို့ ဆိုပါတယ်။
ဇီဝ လက်နက် ထုတ်လုပ်မှု တားမြစ်တဲ့ စာချုပ် အဖွဲ့မှာ မြန်မာ အစိုးရက လက်မှတ်ထိုး ပါဝင်သွားမယ် လို့လဲ သိရပါတယ်။
မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ရေး လမ်းကြောင်းဟာ ခုမှ လျှောက်လှမ်းခါစ ရှိသေးတဲ့ အတွက် နိုင်ငံတကာက ဆက်လက် ကူညီဖို့လဲ ဦးဝဏ္ဏ မောင်လွင်က ပန်ကြား ခဲ့ပါတယ်။




