ကုလ လက်ထောက် အတွင်း ရေးမှူးချုပ် ရခိုင်ရောက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ကုလသမဂ္ဂ လက်ထောက် အတွင်း ရေးမှူးချုပ် Haoliang Xu ဟာ စက်တင်ဘာ ၈ ရက်က ရခိုင် ပြည်နယ် ကို ရောက်ရှိပြီး စစ်တွေက ဒုက္ခသည် စခန်း တချို့ကို သွား လေ့လာ ခဲ့ပါတယ်။
ရခိုင် ပြည်နယ် အစိုးရ နဲ့လဲ လူသားချင်း စာနာမှု အကူအညီ နဲ့ ဖွံ့ဖြိုးရေး လုပ်ငန်း တွေ အတွက် ဆွေးနွေး ခဲ့ကြ တယ် လို့ ခရီးစဉ်မှာ လိုက်ပါ နေတဲ့ UNDP ဆက်သွယ်ရေး အရာရှိ ဦး ညီညီအောင် က ရှင်းပြ ပါတယ်။
လုပ်ကိုင် ဆောင်ရွက်မှု အခြေအနေ တွေကို ရခိုင် အစိုးရနဲ့ ကုလ သမဂ္ဂ ၂ ဘက် အပြန်အလှန် နားလည် သဘော ပေါက်ခဲ့ကြပြီး ကျေနပ် အားရကြောင်း သိရပါတယ်။
ကုလ သမဂ္ဂ ရဲ့ လူမှု အသိုင်းအဝိုင်းတွေ သဟဇာတ ဖြစ်ရေး စီမံကိန်း ရှိတဲ့ မင်းပြားနဲ့ ပေါက်တော မြို့ တွေကို လက်ထောက် အတွင်း ရေးမှူးချုပ် ၉ ရက် နေ့မှာ သွားခဲ့ပါတယ်။
ဒီလူ့အဖွဲ့အစည်း အသိုင်းအဝိုင်း တွေကြား ပြေလည် မှု ရှိပုံ ရတယ် လို့လဲ ဦးညီညီအောင် က ပြောပါတယ်။
၁ဝ ရက်နေ့ မှာ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့မှာ ဖြစ်ပြီး ၁၁ ရက်နေ့ နေပြည်တော်မှာ ဒုတိယ သမ္မတ စိုင်းမောက်ခမ်း အပါအဝင် ဝန်ကြီး တချို့နဲ့ တွေ့ဖို့ ရှိပါတယ်။
ဒီခရီးစဉ် တခုလုံးနဲ့ ပတ်သက် ပြီး စက်တင်ဘာ ၁၂ ရက် နေ့မှာ UNDP က သတင်း ထုတ်ပြန် သွားဖို့ ရှိတယ်လို့ ဦးညီညီအောင် က ပြောပါတယ်။




