အာဆီယံ အစည်းအဝေးစတင်

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေး နေပြည်တော်မှာ စတင်နေပြီ ဖြစ်ပါတယ်။
အစည်း အဝေးဖွင့်ပွဲနေ့မှာ ပြောတဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ မိန့်ခွန်းထဲမှာ အာဆီယံ အသိုက်အဝန်းကို လာမယ့် နှစ်ကုန်မှာ ထူထောင် သွားနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း ပြောပါတယ်။
လက်ရှိ ကမ္ဘာ့ အရေးအခြေနေ တွေက စိုးရိမ် စရာ ဖြစ်နေတယ်၊ အာဆီယံ အနေ နဲ ဘက်မလိုက်မှုနဲ့ ခေါင်းဆောင်မှု ကို ပိုမိုပြသဖို့ လိုတယ် လို့လည်း သမ္မတက ပြောပါတယ်။
အစည်းအဝေး တက်ရောက်လာတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက နေ့လယ်ပိုင်းမှာ လူအခွင့် အရေး ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။
ဒါ့အပြင် အရှေ့တောင်အာရှ ဒေသအတွင်း နျူးကလီးယား ကင်းမဲ့ဇုန် အကောင် အထည်ဖော် နေမှုကိုလည်း နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေး ခဲ့ကြပြီး နျူးကလီးယား ပိုင်ဆိုင်တဲ့ နိုင်ငံတိုင်းက လက် မှတ်ထိုး နိုင်ဖို့ သဘော တူခဲ့ ကြပါတယ်။
စနေနေ့မှာတော့ အာဆီယံ ဒေသတွင်း အစည်းအဝေး တက်ဖို့ နေပြည်တော်ကို ရောက်နေတဲ့ ဆွေးနွေးဖက် နိုင်ငံတွေနဲ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေ ရှိတဲ့ အပြင် မြောက်ကိုရီးယားနဲ့ လည်း တွေ့ဆုံဖို့ရှိပါတယ်။
ARF ဒေသတွင်း အစည်း အဝေး တက်ရောက်မယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တော့ သမ္မတ ဦးသိန်းစိန်နဲ့ သီးသန့် တွေ့ဆုံမှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား နျူးကလီးယား အရေးအမေရိကန်၊ မြောက်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနဲ့ ရုရှားတို့ ပါဝင်တဲ့ ၆ နိုင်ငံ ဆွေးနွေးမှုတွေကို အခု အာဆီယံ အစည်းအဝေးမှာ လုပ်နိုင်ဖွယ် မရှိဘူးလို့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေး နဲ့ တခြား ဆက်စပ် အစည်း အဝေးတွေကို ၁၀ ရက်နေ့ အထိ ဆက်လက် ကျင်းပသွားမှာ ဖြစ်ပါတယ်။








