ပဲခူးနဲ့ လှည်းကူး ရေကြီးမှု အခြေအနေ

မြန်မာ နိုင်ငံ အောက်ပိုင်း ပဲခူးနဲ့ လှည်းကူး မြို့နယ် တွေမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ၂ ရက် အတွင်း ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်နားထိ ရေရောက်နေပြီး မြို့အနိမ့်ပိုင်း ရပ်ကွက် တွေကို ပဲခူးမြစ်ရေ ဝင်တာတွေ ရှိနေတယ် ။
ပဲခူးမြို့က ရပ်ကွက်တွေမှာ ရေ တက်နေလို့ လျှပ်စစ်မီး ဖြတ်တော်တာတွေ ရှိနေသလို ရေဘေး ဒုက္ခသည်တွေ ဘုန်းကြီးကျောင်းတွေမှာ သွားပြီး ခိုလှုံ နေရတယ်လို့ ပဲခူး မြို့ခံ တွေက ပြောပါတယ်။
ရန်ကုန်တိုင်း လှည်းကူး မြို့နယ် ငွေနံ့သာ ရွာနဲ့ တခြား ရွာတွေ မှာတော့ နှစ်ပေါင်း ၂ဝ ကျော် အတွင်း စံချိန်တင် ရေကြီး နေပါတယ်။
လှည်းကူး မြို့နယ်က ရန်ကုန်မြို့ အရှေ့ခြမ်းထိ ဖြတ်စီးသွားတဲ့ ငမိုးရိပ် ချောင်း အထက်ပိုင်း ရေကြီး နေလို့ မြို့နယ် ကျေးရွာ တချို့နဲ့ ရန်ကုန် ပဲခူး လမ်းမကြီး တချို့ နေရာ တွေထိ ရေကျော်နေပါတယ်။
လှည်းကူး မြို့ပေါ်မှာ ရေကျစ ပြုလာပေမယ့် နယ်တွေမှာတော့ ရေကြီးနေဆဲလို့ သိရပါတယ်။
ရေကြီးမှု နောက်ပိုင်း လယ်ယာမြေ ပျက်စီးမှု ကာကွယ် ပြုပြင်ရေးနဲ့ ရောဂါ ဘယ တားဆီးရေး အစီအစဉ်တွေ လုပ်ဆောင်သွားဖို့လဲ ရှိတယ်လို့ NLD ပါတီက လှည်းကူး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦး ဖြိုးမင်းသိန်းက ပြောကြား ပါတယ်။




