တောင်ငူမှာ ရေကြီး

flood myanmar
ဓာတ်ပုံ ပုံစာ, လူ၈ဝဝဝ လောက် ရေဘေးဒုက္ခတွေ့နေ

မြန်မာ နိုင်ငံ အလယ် ပိုင်း ဒေသတချို့ မှာ ရေ ကြီးလို့ လူတွေ ထောင်နဲ့ ချီ ပြီး အိုးအိမ် စွန့် ခွာပြီး ဘေးလွတ် ရာ ကို ပြောင်းရွှေ့ နေကြ ရပါတယ် ။

လွန်ခဲ့ တဲ့၂ရက် လောက်က မိုး ရွာ သွန်း မှုကြောင့် စစ်တောင်း မြစ် ရေ စိုးရိမ် ရေမှတ် ကိုရောက်လာ တာ ဖြစ် ပြီး အောက် တို ဘာ လ ၃ဝ ရက် နေ့ မ နက် ကစပြီး စစ်တောင်း မြစ်ဘေး က တောင်ငူ၊ ရေတာရှည်နဲ့ ဆွာမြို့နယ် တွင်းက ကျေးရွာတွေမှာ ရေ တွေ တက်လာတာ ကြောင့် မြို့ ပေါ်က ရေဘေးဒုက္ခသည် စခန်း တွေ မှာ ပြောင်းရွှေ့ နေကြရ တယ် လို့ ဒေသ ခံ တွေ က ပြောပါတယ် ။

ဒီအချိန် ဟာ သီ တင်း ကျွတ် ရာ သီ နောက် ပိုင်း ဖြစ် လို့ ခြေခင်း လက် ခင်း သာရမယ့် အချိန် ၊ မြန် မာ ပြည်အလယ် ပိုင်း မှာ မိုး နည်း ရမယ့် ချိန် ဖြစ်ပါတယ် ။

တောင်ငူ၊ ရေတာရှည် ၊ ဆွာ မှာ စု စု ပေါင်း လူ ၈ဝဝဝ လောက် မြို့ ပေါ်က ရေဘေးဒုက္ခသည် စခန်း တွေ မှာ ပြောင်းရွှေ့ နေကြရ ပါတယ်။

ကြာသပတေးနေ့ ကတော့ နေ နည်း နည်း သာလို့ ရေ တက် လာ တာ မရှိ ပေ မယ့် ဒု က္ခသည်စခန်း တွေ ကနေ ပြန်မရွှေ့နိုင် ကြသေးပါဘူး ။

ရေ ကြီးမှု ကြောင့် ရန်ကုန် မန္တလေး ကား လမ်း ဟောင်း မှာ ၂ ပေလောက် ရေကျော် နေတယ် လို့ သိ ရပါ တယ်။

တောင်ငူ မြို့ပေါ် မှာ ဒီနှစ် မိုးရာသီမှာ တတိယအကြိမ် မြစ်ရေ ဝင်တာ ဖြစ်ပြီး အခုတခေါက် မြစ်ရေ တက် တာ အလွန်မြန်တယ်လို့ ပြောကြပါတယ် ။

ပဲ ခူး တိုင်း တောင် ငူ၊ ညောင် လေး ပင် ၊ဆွာ ၊ ရေတာရှည် တဝိုက် လယ် ဧက သောင်း နဲ့ ချီပြီး ရေ မြုပ် နေပြီး ဒီနှစ် စပါး ဈေးလည်း မကောင်း၊ ရေ က လည်း ကြီးနေလို့ လယ် သ မား တွေ စစ် တောင်း မြစ် ရေ ပြန် ကျ မယ့် အချိန် ကို စောင့်နေ ကြရပါတယ်။