မြန်မာနိုင်ငံ မြို့နယ်တချို့မှာ ရေဖုံးလွှမ်းဖို့ ရှိနေ

မြန်မာနိုင်ငံတွင်းက မြို့တချို့မှာ မြစ်ရေ ကြီးပြီး ရေလွှမ်းနေတဲ့ အချိန်မှာဘဲ နောက်ထပ် မြို့နယ်တချို့မှာ ရေဖုံးလွှမ်းနိုင်ဖို့ အလားအလာ တွေ ရှိနေတယ်လို့ နာဆာ ဂြိုလ်တု တိုင်းတာ ချက်တွေအရ သိရကြောင်း မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။
နာဆာဂြိုလ်တုက မိုးလေဝသ အခြေအနေကို တနာရီခွဲကြာ တိုင်းထွာ တွက်ချက်နေပြီး ၆နာရီကြာ တခါ website ပေါ် တင်ပေးနေတယ်လို့ ဆိုပါတယ်။
ရေဖုံးလွှမ်းမှု အန္တရာယ် ကြုံတွေ့နိုင်မယ့် အလားအလာ ရှိတဲ့ နေရာဒေသတွေ ကတော့ ဧရာဝတီတိုင်း ရေးမြို့၊ မွန်ပြည်နယ် သထုံမြို့၊ မကွေးတိုင်း မကွေးမြို့၊ ဧရာဝတီတိုင်း ပုသိမ်၊ မအူပင်၊ ပဲခူးတိုင်း ပဲခူမြို့နဲ့ ရန်ကုန်တိုင်းမှာတော့ မင်္ဂလာဒုံမြို့နယ်တွေ ပါတယ်လို့ ဦးထွန်းလွင်က ဘီဘီစီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ တနှစ်ကို ၃ကြိမ် ရေကြီးလေ့ ရှိကြောင်း၊ ဇွန်လ၊ ဇူလိုင်နဲ့ သြဂုတ်လ၊ စက်တင်ဘာနဲ့ အောက်တိုဘာလ တို့မှာ ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။
အခုလောလောဆယ်မှာ မုတ်သုန်မိုး လက်ကျန် ရှိသေးပြီး တကယ်လို့ မုန်တိုင်းဝင်လာမယ် ဆိုရင် ရေဖုံးလွှမ်းနိုင်မယ့် အန္တရာယ် ရှိတယ်လို့ ဆိုပါတယ်။




