စစ်တွေ အမှုအတွက် လူ ၁၂ ဦးကို ဖမ်းဆီး စစ်ဆေးနေ

ဓာတ်ပုံ ရင်းမြစ်, AFP
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တွေ မြို့မှာ ဖြစ်ပွားခဲ့တဲ့ ကုလသမဂ္ဂနဲ့ ပြည်ပ အန်ဂျီအို အဖွဲ့တွေရဲ့ နေအိမ် အဆောက်အဦ တွေကို တိုက်ခိုက် ဖျက်ဆီးခဲ့မှုနဲ့ ပတ်သက်ပြီး လူ ၁၂ ယောက်ကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ ရခိုင်ပြည်နယ် အစိုးရ သတင်း ထုတ်ပြန်ရေး အရာရှိက ပြောပါတယ်။
အဲဒီထဲက တစ်ယောက်က ANP ရခိုင် အမျိုးသား ပါတီက ဗဟို ကော်မတီဝင် ဖြစ်ပါတယ်။
သူတို့ကို ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က စပြီး ခေါ်ယူ စစ်ဆေး နေတာပါ။
တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးဖို့ သမ္မတက ဖွဲ့စည်းပေးထားတဲ့ စုံစမ်းရေး အဖွဲ့ကလည်း ကွင်းဆင်း စစ်ဆေးပြီး စစ်တွေ ကနေ ကြာသပတေး နေ့ကပဲ ပြန်သွား ကြပြီလို့ ရခိုင်ပြည်နယ် အစိုးရက ပြော ပါတယ်။
ကုလ သမဂ္ဂ အဖွဲ အစည်းတွေ ကလည်း ရခိုင်ပြည်နယ်မှာ လုပ်ငန်းတွေ ပြန်စဖို့ ကြိုးစား နေပါတယ်။
အကူ အညီ ပေးရေး လုပ်ငန်းတွေကို ဧပြီလ တတိယပါတ် လောက်မှာ ပြန်စဖို့ ရှိတယ်လို့ သတင်းတွေ ထွက်နေပေမဲ့ အစိုးရ ဘက်ကရော ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့စည်းတွေ ဘက်က ရက်အတိအကျ ကိုထုတ် မပြော ပါဘူး။




