ဒုချီးရားတန်း ကိစ္စ စုံစမ်းဖို့ HRW ပြော

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာ နိုင်ငံမှာ ရောက်နေတဲ့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒုချီးရားတန်း အကြမ်းဖက်မှုမှာ လူသေဆုံးမှု ရှိခဲ့ပြီး ဆိုးရွားတဲ့ ဖြစ်ပျက်မှုတွေ ရှိခဲ့တဲ့ အထောက် အထားတွေ ရှိတယ်လို့ ပြောပါတယ်။
ဂြိုဟ်တုက ရတဲ့ အထောက် အထားတွေ၊ မျက်မြင် သက်သေတွေနဲ့ အစီရင် ခံစာတွေပေါ် မူတည်ပြီး ပြောတာလို့ ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
ရခိုင် ကိစ္စမှာ လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စုံစမ်း စစ်ဆေးမှုတွေကို ခွင့်ပြုဖို့ အစိုးရကို တောင်းဆိုထားတယ် လို့လည်း HRW က ပြောပါတယ်။
အခု ခရီးစဉ်အတွင်း HRW က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာ နိုင်ငံရဲ့ လူ့အခွင့် အရေး အခြေအနေကတော့ လွန်ခဲ့တဲ့(၃)နှစ်ကထက် ပိုမို တိုးတက် လာတယ်လို့ အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ Kenneth Roth က ပြောပါတယ်။




