မြန်မာစာပေ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ

မြန်မာ စာပေ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ တရပ်ကို ရန်ကုန်မြို့၊ မြို့မ ကျောင်းလမ်းမှာ ရှိတဲ့ အမျိုးသား ကဇာတ်ရုံမှာ စနေနေ့က ကျင်းပခဲ့ ပါတယ်။
ဆရာမဂျူးက စာရေးသူ၊ စာဖတ်သူ တွေကို ဗဟိုပြုတဲ့ စဉ်းစားချက်တွေ အပြင် စာသင်ကျောင်းတွေ မှာပါ ဆရာတွေ ကိုယ်တိုင် စာပိုဖတ်ဖို့ လိုတဲ့ အကြောင်း ဟောပြော သွားခဲ့ပါတယ်။
စာရေးသူတွေဟာ ခေတ်စံနစ်ရဲ့အကျိုးဆက် အဖြစ် ကြုံတွေ့ရတဲ့ ဆင်းရဲ မွဲတေမှု ဒဏ်ကြောင့် အခက်အခဲ ဖြစ်ရပုံတွေကို စာရေး ဆရာမ သွေး (စစ်ကိုင်း) က ဆွေးနွေးခဲ့ ပါတယ်။ ဒီလို ဝင်ငွေမရလို့ စာရေး ဆရာ အလုပ်ကို စွန့်လွှတ်ပြီး သတင်းစာ တွေမှာ သွား အလုပ်လုပ် ကြသူတွေ ကိုလည်း စာပဲ ဆက်ရေး ကြပါလို့ သူက တိုက်တွန်းသွား ပါတယ်။
ဒီဆွေးနွေးပွဲမှာ မြန်မာ စာပေကို ပိုပြီး အဆင့် အတန်း မြင့်စေချင်တဲ့ စေတနာနဲ့ ဘယ်လို လုပ်သင့်တယ် ဆိုတဲ့ စဉ်းစားချက် အတော် များများကို ဆွေးနွေး တာတွေ လည်း ရှိခဲ့ပါတယ်။
ဒါပေမယ့် တကယ်တမ်းမှာ ဒီဆွေးနွေးပွဲဟာ ဒီထက်ပိုပြီး ထိထိ ရောက်ရောက် ဖြစ်သင့်တယ်လို့ စာရေးဆရာ ခြိမ့်သဲ က ဘီဘီစီကို ပြောပါတယ်။ ဒီပွဲကို စာပေ လောက သားတွေ သာမက စိတ်ဝင်စား သူတွေလည်း အများ အပြား တက်ရောက် ခဲ့ကြတာ တွေ့ရပါတယ်။




