အခမဲ့ သတင်းစာ နဲ့ သတင်းစာ စျေးကွက်

Messenger သတင်းစာ ကိုလာမယ့် မေလ ၇ ရက် နေ့က စတင်ပြီး ထုတ်ဝေမှာ ဖြစ်သလို အခမဲ့ ဖြန့်ချိ သွားမှာ လည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒါဟာ ပထမဆုံး အခမဲ့ ဖြန့်ချိမယ့်သတင်းစာ ဖြစ်ပြီးMessenger သတင်းစာ ရဲ့ တာဝန်ခံ အယ်ဒီတာ ဦးသူရအောင် က ပရိဿတ် အများဆုံး လက်ထဲကို သူတို့ရဲ့ သတင်းစာ တွေ ကို ထည့်ပေးနိုင်အောင် ရည်ရွယ်တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။
ကုန်ကျစားရိတ်တွေ ကို အတတ်နိုင်ဆုံး ချုံ့ပြီး သတင်းစာ တခုမှာ ပါဝင်သင့်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဖြေဖျော်ရေး ကဏ္ဍ စသဖြင့် အားလုံးစုံအောင် ထည့်သွင်းသွားမယ် လို့လည်း Messenger သတင်းစာ ရဲ့ တာဝန်ခံ အယ်ဒီတာ က ပြောပါတယ်။
သတင်းစာ ထုတ်ဖို့ ကုန်ကျ စားရိတ်တွေ ကို သတင်းစာ မှာ လာထည့်မယ့် ကြော်ငြာ တွေ ဆီကရမယ့် ဝင်ငွေ ကို အားကိုး သွားရမှာပါ။
ကြော်ငြာ ခ ရတာ နဲ့ ကုန်ကျစားရိတ် ကာမိပါ့မလား ဆိုတာ ကတော့ စိန်ခေါ်မှု တရပ်ကို ရင်ဆိုင်နေရသလို ပဲ၊ အခုအချိန်မှာတော့ အတိအကျ မပြောနိုင်သေးဘူး လို့ ဦးသူရအောင် က ပြောပြသလို ထုတ်ဝေနိုင်မယ့် သတင်းစာ အရေအတွက် ကိုလည်း ပြောလို့ မရနိုင် သေးကြောင်း ပြောပါတယ်။
ဒီ သတင်းစာ ကို အခုလောလောဆယ်အချိန် မှာတော့ ရန်ကုန်မြို့ ကို အဓိက အာရုံထားပြီး ဖြန့်ချိသွားမယ် လို့ သိရပါတယ်။
သတင်းစာတွေ ထုတ်ဝေခွင့် ပြုလိုက်ပေမဲ့ စီးပွားရေးအရ တွက်ခြေ မကိုက်ကြ သေးတဲ့ အပေါ် သတင်းစာ အခမဲ့ပေး လို့ များများဖြန့်နိုင်ရင် ကြော်ငြာတွေ လိုက်လာပြီး ကြော်ငြာခ နဲ့ အားကိုးနိုင်မယ့် နည်းလမ်း ကို ရှာဖွေ လာကြ ပုံရ တယ် လို့ တချို့ သုံးသပ်သူတွေ ပြောပါတယ်။




