ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နွေစပါးပေါ်ချိန်မှာ ဝယ်သူမရှိ ဖြစ်နေ
နွေစပါးအဓိက စိုက်ပျိုးတဲ့ ဧရာဝတီပဲခူး ရန်ကုန်နဲ့နေပြည်တော်ဒေသတွေမှာ နွေစပါးတွေ ပေါ်နေပါပြီ။
စပါးပေါ်တဲ့အချိန်မှာ ဝယ်သူကမရှိ ဈေးကကျနေတဲ့အတွက်တောင်သူတွေအခက်အခဲဖြစ်နေရတယ်လို့ နေပြည်တော် ဒေသခံတောင်သူတစ်ဦးဖြစ်တဲ့ မဇင်မာလှိုင်က ပြောပါတယ်။
မနှစ်ကအခုလိုနွေစပါးပေါ်ချိန်မှာ စပါတင်းတစ်ရာကို ကျပ် ၆ သိန်း ခွဲဝန်းကျင်နဲ့အရောင်းအဝယ် ဖြစ်ပေမဲ့ ဒီနှစ်မှာတော့ စပါးဈေးဟာ ၅ သိန်းဈေးအောက်ရောက်ရှိနေပါတယ်။
အစိုးရကလည်းမဝယ် ပုဂ္ဂလိက ကလည်းမဝယ် စပါးကလည်းပိုးကျလို့တောင်သူတွေ အခြေနေမကောင်းဖြစ်နေတယ် လို့လည်း့ဒေးဒရဲမြို့နယ်က ဒေသခံတောင်သူဒေါ်မီမီခိုင်ကပြောပါတယ်။
အစိုးရအအနေနဲ့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်းပြီးဧည့်မထအုပ်စုဝင်စပါးတင်းတစ်ရာကို ကြမ်းခင်းဈေး ၅သိန်းသတ်မှတ်မှတ်ပေးထားပြီး ၅ သိန်းအောင်အောက်ရှိပါက ဝယ်ယူမယ်လို့ ပြောထားပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့စပါးပေါ်ချိန်မှာသတ်မှတ်ဈေးနဲ့ဝယ်ယူပေးခဲ့ပေမဲ့လည်း သိုလှောင် ရုံအခက်အခဲ အခြောက်ခံစက်အခက်အခဲနဲ့သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် လုပ်ငန်းတွင်ကျယ်မူ့အား နည်းနေတယ်လို့မကြာသေးခင်က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီလိုအခက်အခဲရှိနေတဲ့အတွက်လည်း တောင်သူတွေရောင်းသလောက်ဝယ်မပေးနိုင်ဖြစ်နေတာလို့လဲ ဆန်စပါးအသင်းချုပ်ကတာဝန်ရှိသူအချို့ကဆိုပါတယ်။
အဲဒီလိုအခက်အခဲတွေရှိနေတဲ့အတွက်တောင်သူတွေမျှော်မှန်းထားတဲ့ဈေးနှုန်းရရှိရန် အစိုးရဖက် ကပူးပေါင်း ဆောင်ရွက်ပေးဖို့ကိုလဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မိုးလယ်လောက်က စလို့မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကိုဆန်တင်ပို့ရောင်းချတဲ့အခါ နယ်စပ် ဒေသမှာ အဖမ်းအဆီးများတဲ့တွက် အရောင်းအဝယ်ရပ်တန့်နေတဲ့သဘောရှိနေခဲ့ပါတယ်။
အဲဒီလိုတရုတ်နိုင်ငံက ဝယ်ယူမူ့သိသိသာသာလျော့ကျသွားတဲ့အတွက်စပါးဈေးဟာ လဲ မိုးစပါး ပေါ်တဲ့အချိန်က စလို့မနှစ်ကလောက်အရောင်းအဝယ်မရှိတော့ပဲ ဈေးနှုန်းလဲကျဆင်းခဲ့ပါတယ။်
ဒါအပြင် ဥပဒေပနိုင်ငံကိုတင်ပို့နေတဲ့မြန်မာနိုင်ငံက ဆန်တမျိုးကို အီးယူကအခွန်ပြန်ကောက်တာရယ် မကြာသေး ခင်က အာဖရိကကိုတင်ပို့တဲ့မြန်မာပြည်က ဆန်အချို့မှာ အရည်အသွေးမမှီတာတွေ ဖြစ်ခဲ့ အတွက် မြန်မာဆန်ဈေးကွက်ကိုထိခိုက်မူ့တွေရှိလာခဲ့ပါတယ်။
အစိုးရအဖွဲ့နေနဲ့တရုတ်နိုင်ငံကိုဆန်တရားဝင်တင်ပို့နိုင်ရေးကြိုးစားဆောင်ရွက်နေ ပေ မဲ့ အခုချိန်ထိတော့ ထူးခြားတာမျိုးမရှိသေးပါဘူး။
အခုလို စပါးအဝယ် မရှိသလို ဈေးမရတဲ့ အတွက် တောင်သူတွေ ဒီနှစ် အခြေနေမကောင်းဘူးလို့ မဇင်မာလှိုင်က ပြောပါတယ။်