‘တို့ဘုရားတွေကို ပြန်ပေး၊ တို့အနုပညာတွေကို ယူလှည့်ပါ’

Rabindra Puri with the replica of a Saraswati sculpture

ဓာတ်ပုံ ရင်းမြစ်, Sanjaya Dhakal / BBC Nepali

ဓာတ်ပုံ ပုံစာ, ရာဘန္ဒရာ ပုရီဟာ သေချာတဲ့ ရည်ရွယ်ချက်တခုနဲ့အတူ သူ့ပြတိုက်ထဲက အနုပညာ လက်ရာပစ္စည်းတွေ အားလုံးကို ကုန်သွားစေချင်
    • ရေးသားသူ, ဆန်‌‌ဂျေယာ ဒါကယ်
    • ရာထူးတာဝန်, ဘီဘီစီ နီပေါ၊ ခေတ္တမန္ဒူ

ဆာရာဆဝါတီ (Saraswati) ရုပ်တုက ရာဘန္ဒရာ ပုရီ အနှစ်သက်ဆုံး အနုပညာ လက်ရာပါ။

လက် ၄ ဘက်ရှိတဲ့ အသိဉာဏ်ပညာ ဟိန္ဒူ နတ်ဘုရားမက ကြာပန်းပေါ်မှာ ထိုင်နေပြီး ပေစာ တထုပ်၊ စိပ်ပုတီး တကုံးတို့ကို လက်တဘက်စီမှာ ကိုင်တွယ်ထားသလို၊ ဗီနာလို့ခေါ်တဲ့ ဂန္တဝင် ဂီတာ တလက်ကိုလည်း တီးခတ်နေပါတယ်။ တစုံတရာကို စူးစိုက်ငေးကြည့်နေတဲ့ ဆာရာဆဝါတီဟာ တချိန်မှာ သူ အသက်ဝင်နိုးထတော့မယ့် ပုံသွင်နဲ့ ကြည့်ရှုသူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ပါတယ်။

ဒါပေမဲ့ ဒီအနုပညာလက်ရာရဲ့ ဘေးကဓာတ်ပုံမှာတော့ ဒီရုပ်တု အစစ်ရဲ့ ဦးခေါင်းက ပြတ်နေတဲ့ပုံကိုတွေ့ရပါတယ်။ ပုံစာအဖြစ် ၁၉၈၀ နှစ်တွေအတွင်း ဒီရုပ်တုရဲ့ ဦးခေါင်း အခိုးယူခံခဲ့ ရတယ် ဆိုတဲ့ စာသားကို တွေ့ရပြီး အခုအချိန်မှာ ဒီ ဦးခေါင်း ဘယ်မှာရှိ သလဲ ဆိုတာ မသိရသေးပါတဲ့။

“အမယ်အိုတယောက်က သူ ဆာရာဆဝါတီကို နေ့တိုင်း ပူဇော်ရှိခိုးတယ်လို့ ကျွန်တော့်ကို ပြောတယ်” လို့ မစ္စတာ ပုရီက ဆိုပါတယ်။ “ဒီဘုရားရုပ်တု အခိုးခံလိုက်ရတာကို သူသိလိုက်တဲ့အခါ သူ့ ခင်ပွန်းဆုံးပါးသွားတဲ့အချိန်ကထက် တောင် ပိုပြီး စိတ်ဓာတ်ကျခဲ့ရတယ်” တဲ့။

နီပေါမှာ သူစီစဥ်နေပြီး ၂၀၂၆ ခုနှစ်မှာ ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ အခိုးခံ အနုပညာလက်ရာများ ပြတိုက်အတွက် မစ္စတာ ပုရီ အပ်ထားတဲ့ ရှေးဟောင်း အနုလက်ရာပုံတူပွား ၄၅ ခုထဲမှာ ဒီရုပ်တုက တခုအပါအဝင်ပါ။ ပြီးခဲ့တဲ့ ၅နှစ်တာ ကာလအတွင်း လက်မှုအနုပညာရှင် ၆ ယောက်ကို သူငှားရမ်းခဲ့ပြီး ဒီ ရှေးဟောင်း လက်ရာ ပုံတူပွားတွေကို ဖန်တီးစေခဲ့ပါတယ်၊ အနုလက်ရာတခုကို ဖန်တီးရာမှာ တခုကို ၃ လ ကနေ ၁ နှစ်အထိ အချိန်ယူပါတယ်။ အစိုးရ ရန်ပုံငွေလည်း သူ မရပါဘူး၊ ဒါ့ကြောင့်သူက သူ့ပိုင်ဆိုင်မှုအားလုံးရဲ့ ၅၀% ကို ပြတိုက်နဲ့ ရှေးဟောင်း ပစ္စည်းထိန်းသိမ်းစောင့်ရှောက်မှုတွေအတွက် အသုံးချဖို့ ရည်စူးထားပါတယ်။

“လာကြည့်မယ့်သူတွေကို မျက်ရည်ကျလာအောင်လုပ်မှာဖြစ်သလို တချိန်တည်းမှာပဲ သွေးတွေ ဆူလာအောင် လုပ်ချင်ပါတယ်။ ဒါမှ ရှေးဟောင်းအမွေတွေ ပြန်ရအောင် လုပ်မယ့် လှုပ်ရှားမှုမှာ သူတို့ ပါဝင်လာမှာလေ” လို့ အသက် ၅၄ နှစ်အရွယ် မစ္စတာ ပုရီက ဆိုပါတယ်။

A Saraswati idol replica and a photo showing the original sculpture was mutilated and its head stolen

ဓာတ်ပုံ ရင်းမြစ်, Sanjaya Dhakal / BBC Nepali

ဓာတ်ပုံ ပုံစာ, ဆာရာဆဝါတီ ပုံတူပွားရုပ်တု၊ မူရင်း ရုပ်တုက ချိုးဖျက်ခံခဲ့ရပြီး ဦးခေါင်းက ခိုးယူ ခံခဲ့ရ (ဘယ်ဘက်က ဓာတ်ပုံကို ရှု)

နီပေါနိုင်ငံတလွှားက ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကနေ ရှေးဟောင်း ပစ္စည်းပေါင်း ၄၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ စာရင်းဇယားတွေက ဆိုကြပေမဲ့ လက်တွေ့မှာ အရေအတွက်က ဒီထက်များလိမ့်မယ် လို့ နီပေါနိုင်ငံ ရှေးဟောင်း သုတေသန ဌာန အကြီးအကဲ ဆပ်ဘာဂျာ ပရာဒါနန်ဂါက ပြောပါတယ်။

ရာနာလို့ခေါ်တဲ့ မျိုးရိုးစဥ်ဆက် အာဏာရတဲ့ ဝန်ကြီးချုပ်တွေလက်ထက်မှာ နိုင်ငံက နှစ် ၁၀၀ လောက် တံခါးပိတ်နေခဲ့ပြီး အဲဒီခေတ်နောက်ပိုင်း ပြင်ပကမ္ဘာနဲ့ ထိတွေ့ ဆက်ဆံလိုက်တဲ့ ၁၉၆၀ နှစ်တွေကနေ ၁၉၈၀ နှစ်တွေကြားမှာ ဘုရား ရုပ်တုတွေ အများအပြား အခိုးခံခဲ့ရပါတယ်။ ရာနာကို ဖြုတ်ချပြီး ဘုရင်က အလုံးစုံသော အာဏာချုပ်ကိုင်မှုကို ရယူခဲ့တာပါ။

နန်းတော်နဲ့ နီးစပ်တဲ့လူတွေက ကျန်ပြည်သူတွေရဲ့ ဘဝတွေအားလုံးကို လွှမ်းမိုး ထားပြီး အာဏာပိုင် အုပ်ချုပ်သူတွေနဲ့ ဒေသခံတချို့ “ပူးပေါင်းကြံစည်ကြကာ” ရှေးဟောင်း ပစ္စည်းခိုးယူမှုတွေ ဖြစ်ခဲ့တာလို့ နီပေါ အမွေအနှစ်များ ပြန်လည်ရရှိရေး လှုပ်ရှားမှု အဖွဲ့က အတွင်းရေးမှူး ဆန်ဂျေး အဒီကာရီက ပြောပါတယ်။ “ဒေသခံ သူခိုး တွေကို ခိုးခဲ့ကြလို့ သူတို့က ဖြားယောင်းကြတယ်၊ နောက်ပြီး အဲဒီရှေးဟောင်း ပစ္စည်း တွေက နိုင်ငံ ပြင်ပကို ရောက်ကုန်ရော။”

Idols in cages in Nepal

ဓာတ်ပုံ ရင်းမြစ်, Sanjaya Dhakal / BBC Nepali

ဓာတ်ပုံ ပုံစာ, တချို့ရပ်ရွာတွေမှာ လုံခြုံရေးအရ ရုပ်တုတွေကို သံလှောင်အိမ်နဲ့ ထားထားကြ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီရုပ်တုတွေက “ပြသဖို့ သက်သက်အတွက် ရုပ်တုတွေ” မဟုတ်ပါဘူး၊ ဒါတွေက နီပေါ “လက်ရှိ ယဉ်ကျေးမှု” ရဲ့ အစိတ်အပိုင်းတွေပါလို့ မစ္စတာ အဒီကာရီက ပြော ပါတယ်။ ဒီ ရုပ်ပွားတော်တွေဟာ နိုင်ငံအနှံ့က ကျောင်းတော်တွေမှာ အများအပြား ရှိနေခဲ့တာဖြစ်ပြီး ဒေသခံတွေက နေ့တိုင်း ပူဇော်နေကြတဲ့အတွက် လုံခြုံရေး အစီ အမံထားထားတာမျိုးက မရှိသလောက်ပါ။ ဒါတွေကို ခိုးယူသွားတာက ဒေသခံ တွေအဖို့ “သူတို့ယုံကြည်ကိုးကွယ်ရာ ပျောက်ဆုံးသွားတာ၊ သူတို့ကို အကာအကွယ် ပေးတဲ့သူ ပျောက်ဆုံးသွားတာ” ပါ။ ခိုးယူမှုတွေ လျော့ကျလာပေမဲ့ ဒေသခံလူထု အသိုင်းအဝိုင်း တချို့က သူတို့ရဲ့ ဘုရားရုပ်တုတွေကို သံလှောင်အိမ်ထဲ’မှာ ထည့်ထား ကြပါတော့တယ်။

နီပေါပြည်သူတွေအနေနဲ့ သူတို့ရဲ့ ပျောက်ဆုံး ရှေးဟောင်းအမွေတွေ ဘယ်မှာ ရောက်နေသလဲဆိုတာကို ကျန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာမှာ သိပ်အလေး မထားကြပါဘူး၊ ဒါပေမဲ့ ၂၀၂၁ က အမျိုးသား အမွေအနှစ်များ ပြန်လည်ရရှိရေး လှုပ်ရှားမှု အဖွဲ့ကို တည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီအရေးကို သူတို့ စိတ်ဝင်စား လာကြပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စတဲ့ အနောက်နိုင်ငံတွေ က ပြတိုက်တွေ၊ လေလံပစ်သူတွေ၊ ကိုယ်ပိုင်သိမ်းဆည်းသူတွေဆီမှာ အဲဒီ ရှေးဟောင်းအမွေအနှစ် ရုပ်တုအများအပြား ရောက်ရှိနေတာကို လှုပ်ရှား တက်ကြွသူ တွေက သိလာခဲ့ကြပါတယ်။

တေလဂျူ လည်ဆွဲ (Taleju Necklace)

The Taleju Necklace was offered by Kathmandu King Pratap Malla in 17th century to deity Goddess Taleju

ဓာတ်ပုံ ရင်းမြစ်, Art Institute of Chicago

ဓာတ်ပုံ ပုံစာ, နီပေါပြည်သူတွေ ပြန်လိုချင်တဲ့ အရာတွေထဲက တခုဖြစ်တဲ့ တေလဂျူ လည်ဆွဲက အခုလက်ရှိမှာ ချီကာဂို ပြတိုက်မှာရှိ

ဒါပေမဲ့ အခက်အခဲတွေက အများအပြားပါ၊ ၁၇ ရာစု လက်ရာ တေလဂျူ လည်ဆွဲက ဥပမာတခုပါ။

အဖိုးတန် ကျောက်တွေနဲ့ စီချယ် ထားပြီး ရွှေပြားတွေကပ်ထားတဲ့ လည်ဆွဲကြီးတခု တေလဂျူ နတ်ဘုရားမရဲ့ ကျောင်းတော်ကနေ ၁၉၇၀ မှာ ပျောက်ဆုံးသွားပါတယ်။ တေလဂျူ နတ်ဘုရားမက ၁၂၀၁ နဲ့ ၁၇၇၉ နှစ်တွေကြား အုပ်စိုးခဲ့တဲ့ မယ်လာ မင်းဆက် ကို အာဏာပေးခဲ့တဲ့ နတ်ဘုရားမလို့ သူ့ကို ကိုးကွယ်သူတွေက ယုံကြည် ကြပါတယ်။ လည်ဆွဲပျောက်ဆုံးမှုက ရပ်ရွာအသိုင်းအဝိုင်းအဖို့ အံ့သြ တုန်လှုပ် စရာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကျောင်းတော်က ပွဲတော်ရက်တွေဖြစ်တဲ့ တနှစ်မှာ တကြိမ်မှာသာ ဖွင့်လှစ်တာ ဖြစ်ပြီး ပွဲတော်ရက် ၉ ရက်မြောက်နေ့မှာ ဒီလည်ဆွဲ ပျောက်ဆုံး သွားခဲ့တာပါ။

လွန်ခဲ့တဲ့ ၃ နှစ်အထိ အဲဒီလည်ဆွဲ ဘယ်ရောက်နေလဲဆိုတာ နီပေါပြည်သူ အများစု က မသိခဲ့ကြပါဘူး။ အမေရိကန်မှာ အခြေစိုက်တဲ့ နီပေါ ပညာရှင် ဒေါက်တာ ဆဝီတာ ဂျာနု ဘနိယာက ချီကာဂို အနုပညာ အင်စတီကျု (Art Institute of Chicago) ပြတိုက်မှာ ရှိနေတဲ့ ဒီလည်ဆွဲ ကို ဓာတ်ပုံရိုက်ပြီး ၂၀၂၁ ခုနှစ်မှာ သူ့ တွစ်တာ (အခု အိတ်စ်) ကိုတင်တဲ့ အခါကျမှ သူတို့ သိကြရတာပါ။

Skip X post
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

End of X post

“ဒီလည်ဆွဲက အမေရိကန်ပြတိုက်တခုထဲမှာ ပြသထားပါလားဆိုတာကို နှစ်ပေါင်း များစွာကြာခဲ့ပြီးတဲ့အချိန်ကျမှ သိလိုက်ရတော့ ကျွန်တော်တို့ သိပ်ကို တုန်လှုပ် သွားတယ်” လို့ တေလဂျူ ဘုရားကျောင်းအကြီးအကဲ အွတ်ဒေ ကာမာချာယာက ပြောပါတယ်။

သူက ဒီလည်ဆွဲရဲ့ မူလရင်းမြစ်ပိုင်ရှင်အထောက်အထားတွေကို နီပေါ အာဏာပိုင် တွေ ဆီကို တင်ပြခဲ့ပါတယ်။ “ဒီလည်ဆွဲ ပြန်လာတဲ့နေ့ဟာ ကျွန်တော့် ဘဝမှာ အရေးကြီးဆုံးနေ့ဖြစ်သွားမှာပဲ။”

ဒီလည်ဆွဲက အယ်စ်ဒေါ့ဖ် ဖောင်ဒေးရှင်း (Alsdorf Foundation) က လက်ဆောင် ဖြစ်ကြောင်း ချီကာဂိုပြတိုက်က ဝက်ဆိုဒ်မှာရေးထားပါတယ်။ ပြတိုက်ရဲ့ ပြောခွင့်ရ သူက မေလ ၂၀၂၂ မှာ သူတို့ နောက်ထပ် အချက်အလက်တွေကို နီပေါအစိုးရ ဆီကိုတောင်းထားကြောင်းနဲ့ သူတို့ အဲဒီတုံ့ပြန်ချက်ကို စောင့်နေကြောင်း ဘီဘီစီကို ပြောပါတယ်။

မော်ကွန်းတိုက်ထဲက မှတ်တမ်းတွေအပါအဝင် လုံလောက်စရာ အထောက်အထား တွေ ပေးထားပြီး ဖြစ်သလို ၊ လည်ဆွဲမှာကို ဒါဟာ ဘုရင် ပရာတပ် မယ်လာကနေ တေလဂျူ နတ်ဘုရားမ အတွက် ပြုလုပ်ပေးထားတာဆိုတဲ့ စာသားရေးထွင်းထား တာတွေ ရှိတယ်ဆိုတာ ကိုလည်း ပြောပြပြီးပါပြီ လို့ ရှေးဟောင်း သုတေသနဌာန အကြီးအကဲ မစ္စ ပရာဒါနန်ဂါက ဆိုပါတယ်။

အနောက်တိုင်းက ဌာနတွေက “အချိန်ဆွဲတဲ့ ဗျူဟာ” ကိုကျင့်သုံးလေ့ရှိပြီး “လှုပ်ရှားဆောင်ရွက်သူတွေ စိတ်အားလျော့သွားအောင်” လုပ်ကြတယ်လို့ ကမ်ပိန်းလုပ်နေသူ ကာနက်ခ် မာနီ ဒီဇစ်က ဆိုပါတယ်။ “သူတို့က ကျွန်တော်တို့ဆီက အထောက်အထားတွေ တောင်းတဲ့အခါ ‘ရင်းမြစ်‘ က ဘယ်မှာလဲဆိုတာကို မေးကြပြန်ရော။ ဒါတွေ သူတို့ ဘယ်လိုရလာလဲဆိုတဲ့ အမေးအစား ဒါက နီပေါက ပိုင်ဆိုင်တာဟုတ်ရဲ့လား ဆိုတာကို ကျွန်တော်တို့ကို သက်သေပြခိုင်း နေကြတယ်။“

နီပေါအစိုးရအနေနဲ့ အထောက်အထားတွေအတွက် အဘက်ဘက်က ပြည့်မီဖို့ လက်လှမ်းမမီနိုင်တဲ့အတွက် လှုပ်ရှားဆောင်ရွက်သူတွေရဲ့ အားထုတ်မှုကိုပဲ အားကိုးနေရပါတယ်။ အထောက်အထားတွေ စုဆောင်းရတာကလည်း စိန်ခေါ်မှု တခုပဲလို့ မစ္စ ပရာဒါနန်ဂါက ပြောပါတယ်။

Laxmi Narayan idol was welcomed back to Nepal in 2022

ဓာတ်ပုံ ရင်းမြစ်, US Embassy Nepal

ဓာတ်ပုံ ပုံစာ, လက်ချမီး နာရာယန် ရုပ်တု အမေရိကန်ကနေ ပြန်ရလာတဲ့အခါ ပျော်ပွဲရွှင်ပွဲနဲ့ ကြိုဆိုခဲ့ကြ

လှုပ်ရှားတက်ကြွသူတွေရဲ့ အဆိုအရ တချို့နိုင်ငံတွေက ပြန်ပေးဖို့ ပိုပြီး စိတ်ဆန္ဒရှိကြ တယ်လို့ သိရပါတယ်။

အမေရိကန် ပြတိုက်တွေနဲ့ ကိုယ်ပိုင်သိမ်းဆည်းသူတွေဆီကနေ ရှေးဟောင်း လက်ရာပေါင်း ၁၀၀ ခန့်ကို ပြန်ပေးနိုင်အောင် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အမေရိကန် သံရုံးက နီပေါအာဏာပိုင်တွေကို ကူညီခဲ့ပါတယ်။

ဒါပေမဲ့ ဗြိတိန်နဲ့ ပြင်သစ်တို့က “တွန့်ဆုတ်နေဆဲပဲ” လို့ ကမ်ပိန်းလုပ်ဆောင်နေသူတွေ ကပြောပါတယ်။ “အစိုးရနဲ့ ကင်းလွတ်စွာ လွတ်လွတ်လပ်လပ်လုပ်ဆောင်နေတဲ့” ပြတိုက်တွေ၊ ပြခန်းတွေမျိုးကို သူတို့ ဝင်စွက်ဖက်လို့ မရနိုင်ဘူးလို့ ဗြိတိန် အစိုးရ အရာရှိတယောက်က ဘီဘီစီကို ပြောပါတယ်။

ပြင်သစ် သံရုံးကလည်း သူတို့ဒီအရေးနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးလိုပါဘူးလို့ ဆိုပါတယ်။

တိုးတက်မှုတစုံတရာတော့ရှိလာနေပြီး ၁၉၈၆ နောက်ပိုင်း နီပေါကို ပြန်ရောက်လာတဲ့ ရှေးဟောင်း အမွေအနှစ်ပစ္စည်း ၂၀၀ ခန့်ရှိလာခဲ့ကာ အများစုက ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်း ပြန်ရခဲ့တာပါ။

အမေရိကန်ကနေ ပြန်ရခဲ့တဲ့နောက် လက်ချမီး နာရာယန် ရုပ်တုကို မြို့တော် နားမှာ ရှိတဲ့ ပက်တန်မြို့က ဘုရားကျောင်းမှာ လွန်ခဲ့တဲ့ ၂ နှစ်က ပြန်ထားနိုင်ခဲ့ကြပါတယ်။ ဒီဆင်းတုတော်က ၁၉၈၄ ကတည်းက ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပြီး ဒဲလ်လစ် အနုပညာ ပြတိုက် (Dallas Museum of Art) မှာ ပြသထားတာ နှစ် ၃၀ ကျော် ရှိပါပြီ။ အဲဒီပြတိုက်က သူတို့အနေနဲ့ ”ကျင့်ဝတ်နဲ့အတူ သင့်လျော်တဲ့ လုပ်ဆောင်မှု တွေကို ဆောင်ရွက်ခဲ့ပြီး၊ အဖိုးမဖြတ်နိုင်တဲ့အရာကို သူ့အိမ်ကို ပြန်ပို့ လိုက်ပါတယ်” လို့ ဆိုပါတယ်။

ဒေသခံတွေဟာ လက်ချမီးရုပ်ပွားတော်ကို သူတို့ ဘိုးဘွားတွေ ၁၀ ရာစုအတွင်းက ပူဇော်ခဲ့သလို ပြန်ပူဇော်နိုင်ခဲ့ကြပါတယ်။

ချစ်ကြည်မှုအထိမ်းအမှတ်အဖြစ် မစ္စတာ ပုရီက ဒီရုပ်တု ပုံတူပွားကို အမေရိကန် သံအမတ်ကို လက်ဆောင်ပေးခဲ့ပါတယ်။ ရှေးဟောင်းအမွေ တခုပြန်ရတိုင်း အနုပညာလက်ရာ ပုံတူပွားတခုကို လက်ဆောင်ပြန်ပေးမယ်လို့ သူက ကတိပြု ပါတယ်။ သူ့ ပြတိုက်က ပုံတူပွားတွေ ကုန်မယ့်နေ့ကို သူတွေ့ချင်လှပြီလို့လည်း ဆိုပါတယ်။

“ခိုးယူထားတဲ့ ရှေးဟောင်းပစ္စည်းတွေကို သိမ်းထားတဲ့ ပြတိုက်တွေနဲ့ ဘယ်သူ့ကို မဆို ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ ဘုရားတွေကို ပြန်ပေးပါ၊ ကျွန်တော်တို့ အနုပညာတွေကို ယူလှည့်ပါ။“