၁၀ နှစ်အတွင်း ကျားကောင်ရေ နှစ်ဆတိုးအောင် နီပေါထိန်းသိမ်းနိုင်
ကျားထိန်းသိမ်းရေးနဲ့ ပတ်သက်ရင် နီပေါကတော့ စံပြဖြစ်လာခဲ့ပါပြီ။
ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း သဘာဝတောထဲမှာရှိတဲ့ ကျားကောင်ရေ နှစ်ဆတိုးအောင် လုပ်ပါမယ်လို့ ကတိပြုခဲ့တဲ့ နိုင်ငံတွေအထဲ နီပေါတစ်နိုင်ငံသာ ပြောသလို လုပ်နိုင်ခဲ့ပါတယ်။
နီပေါမှာ ကျားသာမက ကြံ့နဲ့ဆင်လို တောရိုင်းတိရစ္ဆာန်တွေလည်း ကောင်ရေတိုးလာခဲ့ပါတယ်။ သူတို့ဘာကြောင့်အောင်မြင်အောင်လုပ်နိုင်ခဲ့တာလဲ၊ ဒီလို ကျားကောင်ရေတိုးလာတော့ တောအုပ်တစ်ဝိုက်နေကြသူတွေအတွက် သက်ရောက်မှုက ဘယ်လိုရှိလာမလဲ။
ဘီဘီစီ အာရှသတင်းအယ်ဒီတာ ရီဘက်ကာ ဟန်းရှကီးရဲ့ သတင်းလွှာကို မသီဒါနွယ်က ပြောပြမှာပါ။