နီပေါမှာ ကျင်းပတဲ့ ဟိန္ဒူရိုးရာ နွားပွဲတော်

ကွယ်လွန်သူများကို ရည်စူးကျင်းပတဲ့ ဟိန္ဒူရိုးရာ နွားပွဲတော်ကို ခတ္တမန္ဒူ မြို့မှာ ပြလုပ်ခဲ့ပါတယ်။

nepal cow festival
ဓာတ်ပုံ ပုံစာ, ကွယ်လွန်သူများကို ရည်စူးကျင်းပတဲ့ ဟိန္ဒူရိုးရာ နွားပွဲတော်ကို နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့အတိုင်း နီပေါနိုင်ငံ၊ ခတ္တမန္ဒူ မြို့မှာ ပြလုပ်ခဲ့ပါတယ်။
nepal cow festival
ဓာတ်ပုံ ပုံစာ, ဟိန္ဒူထုံးစံအရ မိသားစုဝင်တစ်ဦးဦး တစ်နှစ်အတွင်း ကွယ်လွန်ခဲ့ရင် ကျန်ရစ်သူတွေက ဒီနွားပွဲတော်မှာ မဖြစ်မနေ ပါဝင်ရပါတယ်။
nepal cow festival
ဓာတ်ပုံ ပုံစာ, နွားတစ်ကောင်ကို ရှေ့ကထားပြီး စီတန်းလှည့်လည်တာ ဖြစ်ပေမယ့် ယောက်ျားလေးတစ်ယောက်ကို နွားလို ဆင်ယင်ပြီး အစားထိုးလို့လည်း ရပါတယ်။
nepal cow festival
ဓာတ်ပုံ ပုံစာ, ဟိန္ဒူအယူအဆအရ နွားဟာ မြင့်မြတ်တဲ့ သတ္တဝါဖြစ်ပြီး ကွယ်လွန်သူတွေ ကောင်းရာသုဂတိ ရောက်ဖို့ ကူညီနိုင်တယ်လို့ အယူရှိပါတယ်။
nepal cow festival
ဓာတ်ပုံ ပုံစာ, နွားပွဲတော်မှာ ကလေးအားလုံး နွားလို ဆင်ယင်တာတော့ မဟုတ်ပါဘူး။ ဒီတစ်ယောက်က ဟိန္ဒူနတ်ဘုရား ခရစ်ရှနား ပုံစံ ဆင်ယင်ထားပါတယ်။
nepal cow festival
ဓာတ်ပုံ ပုံစာ, တချို့က ရိုးရာ ဗုံကို တီးပြီး လိုက်ပါကြပါတယ်။
nepal cow festival
ဓာတ်ပုံ ပုံစာ, လိုက်ပါတဲ့ ကလေးတွေကို ဓလေ့ရိုးရာအတိုင်း နို့တိုက်ကျွေးပြီး မုန့်ဖိုးပေးလေ့ရှိပါတယ်။
nepal cow festival
ဓာတ်ပုံ ပုံစာ, ခုနောက်ပိုင်းကာလတွေမှာ မိန်းမလျာတွေလည်း ပါဝင်စီတန်းလာကြပြီး ခေတ်သစ် နွားပွဲတော်ရဲ့ အင်္ဂါရပ်တစ်ခု ဖြစ်လာပါတယ်။
nepal cow festival
ဓာတ်ပုံ ပုံစာ, ခေတ္တမန္ဒူမြို့က နွားပွဲတော်မှာ မိန်းမလျာများအပြင် လိင်တူချစ်သူများ၊ လိင်ပြောင်းလဲထားသူများ၊ ကမ္ဘာလှည့်ခရီးသွားများ စသဖြင့် လူပေါင်းစုံ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
nepal cow festival
ဓာတ်ပုံ ပုံစာ, ပါဝင်ဆင်နွှဲသူ လူတိုင်းနီးပါးဟာ အဆန်းတကြယ် ဆင်ယင်ခြယ်သပြီး လှည့်လည်ကြတာ ဖြစ်ပါတယ်။