ထရမ့်တာဝါပေါ် လူတက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပိုင်တဲ့ နယူးယော့က ထရမ့်တာဝါကို အမျိုးသား တယောက် တွယ်တက် ခဲ့ပါတယ်။
မှန်ချပ်တွေနဲ့ ကာထားတဲ့ ၅၈ ထပ်မြင့်တဲ့ ဒီ မိုးမျှော် အဆောက်အအုံဟာ မစ္စတာ ထရမ့်ရဲ့ မဲဆွယ် စည်းရုံးရေး ဌာနချုပ်လည်း ဖြစ်ပါတယ်။
ထရမ့်ကိုယ်တိုင်လည်း ဒီတာဝါ ထိပ်ဆုံးနားက တိုက်ခန်းတခန်းမှာ နေပါတယ်။
လူ တွယ်တက်တဲ့ အချိန်မှာတော့ ထရမ့် တာဝါမှာ မရှိပါဘူး။
တွယ်တက်သူက သူ့ကိုယ်မှာ ကြိုးသိုင်းပြီး စုပ်ခွက်တွေနဲ့ ကပ်ကာ အဆောက်အအုံကို တွယ်တက် ခဲ့တာပါ။
ဒီလူ တွယ်တက်တဲ့ အကြောင်းနဲ့ သူ့နောက်ကြောင်းကို မသိဘူးလို့ ရဲက ပြောပါတယ်။




