အကြမ်းဖက် ဖြစ်ရပ်တွေ ပေါ်ပေါက်အောင် လှုံ့ဆော်သူ အဖြစ် ထရမ့်ကို ကလင်တန် ဝေဖန်

_hillary

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, ထရမ့်ဟာ အမေရိကန် သမ္မတ ဖြစ်ထိုက်သူ မဟုတ်ဘူး ဆိုပြီး ဟီလာရီ ကလင်တန် ပြော။

အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန်က ပြိုင်ဘက် ရီပတ်ပလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို အကြမ်းဖက်မှုတွေ လွယ်လွယ်ကူကူ ဖြစ်အောင် လှုံ့ဆော် ပေးသူ တစ်ဦး အဖြစ် စွပ်စွဲ ဝေဖန် လိုက်ပါတယ်။

သေနတ် ကိုင်ဆောင်ခွင့် နဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့် ပြောခဲ့တဲ့ စကား အပေါ် မစ္စစ် ကလင်တန် ဘက်က တုံ့ပြန်လာတာ ဖြစ်ပါတယ်။

အခြေခံ ဥပဒေ အရ ခွင့်ပြု ထားတဲ့ သေနတ် ကိုင်ခွင့်ကို ဟီလာရီ ကလင်တန်က ဖျက် လိမ့်မယ် ဆိုပြီး ဒေါ်နယ် ထရမ့်က သေနတ်ပိုင်ရှင် တွေကို မဲဆွယ် ခဲ့တာပါ။

ဒီလို ပြောဆိုမှုဟာ အင်မတန် စည်းကျော် တဲ့ အပြောမျိုး ဖြစ်ပြီး၊ အမေရိကန် သမ္မတ ဖြစ်ထိုက်သူ မဟုတ်ဘူး ဆိုတာ ထပ်မံ ပြသလိုက်တာပဲ လို့ အိုင်အိုဝါ ပြည်နယ် မဲဆွယ်ပွဲ မှာ မစ္စစ် ကလင်တန် က ပြောခဲ့ပါတယ်။