ဖွဲ့စည်းပုံသစ် အတည်ပြုရေး ထိုင်းမှာ လူထု ဆန္ဒခံယူပွဲ ကျင်းပ

ထိုင်းနိုင်ငံမှာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ သစ်ကို အတည်ပြုကြမလား ဆိုတာကို ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျင်းပ ခဲ့တာမှာ ထိုင်းပြည်သူတွေ မဲထည့် ခဲ့ကြပြီး ဖြစ်ပါတယ်။
ကနဦး ထွက်ပေါ်လာတဲ့ ရလာဒ် တွေ အရ ဖွဲ့စည်းပုံ အတည် ဖြစ်လာ နိုင်တယ် ဆိုတာကို ပြသာ နေပါတယ်။
တကယ်လို့ အဲဒီ့ ဖွဲ့စည်းပုံသာ အတည် ဖြစ်လာ ခဲ့ရင် ထိုင်း ရဲ့ နိုင်ငံရေးမှာ စစ်တပ် ရဲ့ အခန်းကဏ္ဍ အခိုင်အမာ ပါဝင် လာစေ မှာ ဖြစ်ပါတယ်။
အရွေး ကောက်ခံ နိုင်ငံရေး သမားတွေ ထက် တိုက်ရိုက် ခန့်အပ် ခံရတဲ့ သူတွေ ကို အခု ဖွဲ့စည်းပုံ မှာ အာဏာတွေ ပိုမို အပ်နှင်း တာတယ် ဆိုပြီး လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝေဖန် နေကြ ပါတယ်။
ဆန္ဒခံယူပွဲမှာ သွားရောက် မဲထည့်ကြဖို့ လက်ရှိ ထိုင်းစစ် အစိုးရ က ထိုင်း ပြည်သူတွေကို တိုက်တွန်း ဆော်ဩ ခဲ့ပါတယ်။
ဖွဲ့စည်းပုံ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မပြုလုပ် ရဘူး ဆိုပြီးတော့လည်း တားမြစ် ထားပါတယ်။




