ဒေါ်နယ်ထရမ့် ဒုသမ္မတလောင်းရွေးထားလို့ဆို

ဓာတ်ပုံ ရင်းမြစ်, AP
အမေရိကန် ရီပတ်ဘလစ်ကန် ပါတီ သမ္မတလောင်း ဖြစ်လာတဲ့ ဒေါ်နယ် ထရမ့်က သူနဲ့ အတူ ယှဉ်ပြိုင်ဘက် ဒုသမ္မတလောင်းအဖြစ် ပါတီရဲ့ လက်ယာယိမ်း အုပ်စုထဲက တယောက်ကို ရွေးထားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ရွေးကောက်ပွဲမှာ မစ္စတာ ထရမ့်က ဒီမိုကရက်ပါတီက ပြိုင်ဘက် ဟီလာရီ ကလင်တန်ကို နိုင်ရင် အင်ဒီယားနား ပြည်နယ် အုပ်ချုပ်ရေးမှူး Mike Pence ဒုသမ္မတ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
မစ္စတာ ပန့်စ်က ရှေးရိုးစွဲ မဲဆန္ဒရှင်တွေကို သူဌေး ဒေါ်နယ်ထရမ့် အတွက် မဲဆွယ်ပေးမယ်လို့ ယူဆ နေကြပါတယ်။
ဆန္ဒသဘောထား စစ်တမ်းတွေ အရ ဒေါ်နယ် ထရမ့်နဲ့ ဟီလာရီ ကလင်တန်တို့ လူကြိုက်များမှုမှာ ဆတူလောက် ရှိတယ်လို့ သိရပါတယ်။




