ဟွန်ဆန်မိသားစု ကြွယ်ဝမှု ဒေါ်လာသန်းရာချီ

hun sen

ဓာတ်ပုံ ရင်းမြစ်, no credit

ဓာတ်ပုံ ပုံစာ, သက်တမ်းရှည် ကမ္ဗောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်

ကမ္ဗောဒီးယား ဝန်ကြီးချုပ် မိသားစုပိုင် စီးပွားရေး လုပ်ငန်းတွေက အနည်းဆုံး ဒေါ်လာ သန်း ၂ဝဝ တန်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တဖွဲ့က ဆိုပါတယ်။

ကမ္ဗောဒီးယား အစိုးရ စာရင်းဇယားတွေ အရ ဝန်ကြီးချုပ် ဟွန်ဆန် မိသားစု ဟာ မီဒီယာ သတင်းလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ စွမ်းအင်လို ကဏ္ဍတွေမှာ ရင်းနှီး မြှုပ်နှံထားတာ ကုမ္ပဏီ တရာကျော် ရှိတယ်လို့ Global Witness အဖွဲ့က ပြောပါတယ်။

ကမ္ဗောဒီးယားကို အနှစ် ၃ဝ အုပ်ချုပ်လာတဲ့ ဟွန်ဆန် အစိုးရမှာ ခြစားမှု၊ လက်သိပ်ထိုး သဘောတူညီမှုတွေနဲ့ ရှုပ်ထွေးနေတယ်လို့ ဗြိတိန် အခြေစိုက် Global Witness အဖွဲ့က ဆိုပါတယ်။

ဟွန်ဆန်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဒီစွပ်စွဲချက်တွေကို ငြင်းဆို ပယ်ချခဲ့ပါတယ်။