မော်ရင်ညို မန်ယူ မန်နေဂျာဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty
မန်ယူ ဘောလုံး အသင်းက ဂျိုဆေး မော်ရင်ညိုကို မန်နေဂျာ အဖြစ် တရားဝင် ခန့်အပ် လိုက်ပါပြီ။
မန်ယူမှာ ၂ဝ၂ဝ ထိ အနည်းဆုံး တာဝန်ယူမယ် ဆိုပြီး မော်ရင်ညိုက မန်ယူနဲ့ ၃ နှစ် စာချုပ် ချုပ်ခဲ့ပါတယ်။
အရင် မန်ယူမှာ ၂ နှစ် မန်နေဂျာ လုပ်သွားပြီး ဒီတပတ်ထဲမှာ အထုတ်ခံလိုက်ရတဲ့ လူဝီဗန်ဟား နေရာမှာ အစားထိုး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ညို ကိုယ်တိုင်လည်း အရင် လုပ်ခဲ့တဲ့ ချယ်လ်ဆီး အသင်း အခြေအနေ မကောင်းလို့ မနှစ် ဒီဇင်ဘာလက အထုတ် ခံခဲ့ရတာ ဖြစ်ပါတယ်။
အရင်ကလည်း ပေါ်တို၊ အင်တာမီလန်နဲ့ ရီရဲ မဒရစ် အသင်းတွေမှာ မော်ရင်ညို မန်နေဂျာ လုပ်ခဲ့ဖူးပါတယ်။




