ပြိုင်ဘက်ကင်း ရီပတ်ဗလီကင် သမ္မတလောင်းဒေါ်နယ်ထရမ့်

ဓာတ်ပုံ ရင်းမြစ်, AP
အမေရိကန် သမ္မတ လောင်း နေရာ အတွက် ရီပတ်ဗလီကင် ပါတီ မှ ကိုယ်စားပြု ယှဉ်ပြိုင်နေသူ ဒေါ်နယ်ထရမ့် ဟာ ပြိုင်ဘက် ယှဉ်ပြိုင်သူတွေ နှုတ်ထွက်ကုန် ကြတဲ့ အတွက် သူပဲ ပါတီ ကို ကိုယ်စားပြုပြီး နိုဝင်္ဘာ သမ္မတ ရွေးကောက်ပွဲ ဝင်တော့မှာပါ။ ဒါပေမဲ့ ရီပတ်ဗလီကင် ပါတီတွင်းမှာ သူ့ကို မနှစ်သက်သူတွေ ရှိနေလို့ မစ္စတာ ထရမ့် အနေနဲ့ ပါတီတွင်း ထောက်ခံမှု ရအောင် အရင်ကြိုးပမ်း ဖို့ လိုတဲ့ အကြောင်း Conservative Free America Project အဖွဲ့ မှ ဂျူလီယံ တော်မ်ဆင် က ပြောပါတယ်။
ဒေါ်နယ်ထရမ့် အနေနဲ့ အခက်အခဲဆုံး အလုပ်ကတော့ သဘောထား ကွဲပြားနေတဲ့ ရီပတ်ဗလီကင် ပါတီတွင်း ညီညွတ်မှု ရရှိရေးပဲ ဖြစ်နေလို့ ဒါကို သူလက်ရှိ ရင်ဆိုင်နေရတဲ့ အကြောင်း၊ လာမဲ့ နိုဝင်္ဘာ သမ္မတ ရွေးကောက်ပွဲ မှာ ဟီလာရီ ကလင်တန် ကို ယှဉ်ပြိုင်ရေး ကို အသာထား လို့ ရသေးတဲ့ အကြောင်းက အမေရိကန် ဟာ အပြောင်းအလဲ အတွက် အဆင့်သင့် ဖြစ်နေလို့ အိုဘားမား တို့ ရဲ့ ဒီမိုကရက် အစိုးရ နောက်ထပ် သက်တမ်း လေးနှစ် ကို မလိုချင်တော့ပါဘူး လို့ ဂျူလီယံ တော်မ်ဆင် က ပြောတာပါ။
ဒါပေမဲ့ ရီပတ်ဗလီကင် ပါတီ မှ အတွေးအခေါ် ပညာရှင် Evan Siegfried ကိုယ်တိုင် က ဒီမိုကရက် တွေ အာဏာ ပြန်ရတာ က မှ ဒေါ်နယ်ထရမ့် သမ္မတ အရွေးခံရမှာ ထက် ပိုကောင်းဦးမယ် လို့ ဆိုပါတယ်။ အကြောင်း ကတော့ ပြီးခဲ့တဲ့ည က အင်ဒီယားနားနား ပြည်နယ် ပရိုင်မရီ ရွေးပွဲ မှာ ရီပတ်ဗလီကင် ပါတီဝင် ၅၁ ရာခိုင်နှုန်း ဟာ ဒေါ်နယ်ထရမ့် ကို မဲပေး ခဲ့ကြပေမဲ့ လာမဲ့ ရွေးကောက်ပွဲ မှာတော့ သူ့ကို မဲ မထည့်ဘူး လို့ ပြောကြ တဲ့ အကြောင်း၊ သူ့လမ်းစဉ် အတိုင်းသာ ဆက်သွားရင် အောက်လွှတ်တော်မှာရော ဆီးနိတ် မှာပါ လွှတ်တော် ကိုယ်စားလှယ် နေရာ ရကြမှာ မဟုတ် တဲ့ အတွက် အခု အခြေအနေ ဟာ ပါတီတွင်း ခေတ်မီတဲ့ အတွေးအခေါ် ရှိ ဖို့ လိုနေပြီ ဆိုတာ ကို သတိပေး အချက် ပြလိုက်တာပဲ လို့ ရီပတ်ဗလီကင် ပါတီ မှ အတွေးအခေါ် ပညာရှင် Evan Siegfried ဆိုပါတယ်။




