တောင်ကိုရီးယားမှာ အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေး စနစ် တပ်ဆင်မယ်

ဓာတ်ပုံ ရင်းမြစ်, AP
တောင်ကိုရီးယား နိုင်ငံမှာ အဆင့်မြင့် ဒုံးကျည် ကာကွယ်ရေး စံနစ် တပ်ဆင် ပေးဖို့ နှစ် နိုင်ငံကြား တရားဝင် စကား ပြောဆိုမှု စတင် နေပြီ လို့ အမေရိကန် ပြည်ထောင်စု က အတည်ပြု ပါတယ်။
မြောက်ကိုရီးယား က အခု နောက်ဆုံး ပြုလုပ် လာပြန်တဲ့ ဒုံးကျည် ပစ်လွှတ် စမ်းသပ် မှု နောက် အမေရိကန် အခုလို ကြေညာ လာတာ ဖြစ်ပါတယ်။
အစောပိုင်းတုန်းကလည်း တရုတ် နိုင်ငံနဲ့ နယ်စပ် အစီး တောင်ကိုရီးယား ဘက်က နေ ဒုံးခွင်းဒုံး တွေ နေရာ ချထား လို့ ဆိုပြီး တရုတ် အစိုးရ က တောင်ကိုရီးယား အစိုးရ သံအမတ် ကို ဆင့်ခေါ် ကန့်ကွက် ခဲ့ ပါတယ်။
တောင်ကိုရီးယား နိုင်ငံ မှာ တပ်ဆင်မယ့် ဒုံးကျည် ကာကွယ်ရေး စံနစ် ဟာ မြောက်ကိုရီးယား ကြောင့် ဖြစ်လာ နိုင်တဲ့ အန္တရာယ် တွေ အပေါ် မှာသာ အာရုံ စိုက်တာ ဖြစ်ပြီး၊ တရုတ် ကို ခြိမ်းခြောက် ဖို့ မဟုတ်ကြောင်း အမေရိကန် အစိုးရ က ပြောပါတယ်။




