ဆိုမာလီယာ ဆိပ်ကမ်းမြို့ကို အယ်လ်ရှာဘတ်တွေ သိမ်း

ဓာတ်ပုံ ရင်းမြစ်, AP
ဆိုမာလီယာ နိုင်ငံမှာ အစ္စလာမ္မစ် စစ်သွေးကြွ အယ်လ်ရှာဘတ် အဖွဲ့က မာကာ ဆိုတဲ့ ဆိပ်ကမ်းမြို့ကို သိမ်းပိုက် လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့တော် မိုဂါဒစ်ရှူးရဲ့ အနောက်တောင်ဘက် ၇၀ ကီလိုမီတာ လောက်မှာ ရှိတဲ့ အဲဒီ မာကာ မြို့ဟာ အခုတော့ အယ်လ်ရှာဘတ်တွေ လက်အောက်က အကြီးဆုံး မြို့ ဖြစ်လာပါတယ်။
အဲဒီ ဆိပ်ကမ်းမြို့ကို ၃ နှစ်ခွဲကြာ ထိန်းချုပ် ထားခဲ့တဲ့ အာဖရိက သမဂ္ဂ တပ်ဖွဲ့တွေက ဒီကနေ့ သောကြာနေ့ မနက်မှာ မြို့ကနေ ဆုတ်ခွာ သွားကြတယ်လို့ ဆိုပါတယ်။
အဲဒီမြို့ကို လက်လွှတ် လိုက်ရတာဟာ အယ်လ်ရှာဘတ် အဖွဲ့ကို ဆယ်နှစ်ကြာ တိုက်ခိုက်နေတဲ့ အာဖရိက သမဂ္ဂ တပ်ဖွဲ့တွေ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ် ကြပါတယ်။
ဆိုမာလီ တောင်ပိုင်းက အာဖရိက သမဂ္ဂ တပ်ဖွဲ့ရဲ့ စစ်အခြေစိုက် စခန်းကို အယ်လ်ရှာဘတ်တွေ သိမ်းပိုက်ခဲ့ပြီး ၃ ပတ် အကြာမှာ အခု တစ်ခါ မာကာမြို့ကို လက်လွှတ် ခဲ့ရတာ ဖြစ်ပါတယ်။
အယ်လ်ရှာဘတ် အဖွဲ့ကို မြို့တော် မိုဂါဒစ်ရှူး ကနေ ၂၀၁၁ သြဂုတ်လမှာ တိုက်ထုတ် နိုင်ခဲ့ပေမယ့် ဆိုလာလီယာ တောင်ပိုင်းက နေရာ အတော်များများမှာ အယ်လ်ရှာဘတ်တွေ ရှိနေဆဲ ဖြစ်ပါတယ်။




