ဂျာမနီ ဒုက္ခသည်အဆောင်တွေ တိုက်ခိုက်ခံရမှု တိုးလာ

ဓာတ်ပုံ ရင်းမြစ်, AFP
ဂျာမနီ နိုင်ငံမှာ ရွှေ့ပြောင်း ခိုလှုံသူတွေကို ထားတဲ့ အဆောင်တွေ ၂၀၁၅ ခုနှစ်အတွင်း တိုက်ခိုက်ခံရတဲ့ အကြိမ် အရေအတွက်က ၂၀၁၄ ခုနှစ် မှာထက် ၅ ဆ တိုးလာ ခဲ့တယ်လို့ ဂျာမန် ရဲတပ်ဖွဲ့က ပြောပါတယ်။
အခု နောက်ဆုံး အနေနဲ့ ဂျာမနီ အနောက်တောင်ပိုင်းက ဒုက္ခသည် စခန်း တစ်ခုကို လက်လုပ် ဗုံးတစ်လုံးနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဲဒီဗုံး မပေါက်ကွဲတဲ့ အတွက် ထိခိုက် ဒဏ်ရာရသူ မရှိခဲ့ပါဘူး။
လူ ၁၇၀ ကို နေရာ ပေးထားတဲ့ အဲဒီ ဒုက္ခသည် စခန်းမှာ လုံခြုံရေး တပ်သား တစ်ယောက်က ဒီကနေ့ သောကြာနေ့ မနက်ပိုင်းမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးကို တွေ့ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် အတွင်းမှာ ရွှေ့ပြောင်းသူတွေရဲ့ နေရာထိုင်းခင်းတွေကို တိုက်ခိုက်မှု အကြိမ်ရေ ၁ ထောင်ကျော် ဖြစ်ပွားခဲ့ပြီး ၂၀၁၄ ခုနှစ်ကတော့ ၁၉၉ ကြိမ်သာ ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှု အများစုကို လက်ယာစွန်း ဝါဒီတွေက ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ဂျာမနီမှာ ခိုလှုံခွင့် လျှောက်ထားတဲ့ ရွှေ့ပြောင်းသူ အရေအတွက်က ၂၀၁၅ ခုနှစ်မှာ စံချိန်တင် ၁.၁ သန်း ရှိခဲ့ပြီး သူတို့ကို နေရာချထားဖို့ အခက်အခဲတွေ ရှိခဲ့ပါတယ်။




