ကိုလုံး နှစ်သစ်ကူး မှုခင်းတွေဟာ ကြံရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့

ဂျာမနီ နိုင်ငံ ကိုလုံးမြို့မှာ နှစ်သစ်ကူး ပွဲလမ်းတွေ မှာ ဖြစ်ပေါ်ခဲ့တဲ့ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကားမှုတွေ၊ လုယက်မှု တွေ ဟာ ကြိုတင် ကြံစည်ပြီး ပြုမူခဲ့တာ လို့ ယူဆကြောင်း ဂျာမနီ ရဲ့ တရားရေး ဝန်ကြီး ဟိုက်ကို မားစ် က ပြောလိုက် ပါတယ်။
ကိုလုံး နှစ်သစ်ကူး မှုခင်းပေါင်း ၅၁၆ မှုကို စုံစမ်း စစ်ဆေးနေတယ်လို့ ဂျာမန် ရဲတပ်ဖွဲ့က ပြောပါတယ်။
ကျူးလွန် သူတွေလို့ စွပ်စွဲခံရသူ တွေ ထဲက အများအပြားဟာ ရွှေ့ပြောင်း ဝင်ရောက် လာသူတွေ ဖြစ်နေပါတယ်။
စနေနေ့တုန်းကတော့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာမာ့ခဲလ် က ရာဇဝတ်မှု ကျူးလွန်တဲ့ နိုင်ငံခြားသားတွေ ကို တိုင်းပြည်ကနေ နှင်ထုတ်ရာမှာ အလွယ်တကူ ဖြစ်စေနိုင်မယ့် နည်းလမ်းတွေ ကို အကြံပြု ခဲ့ပါတယ်။




