ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စီစဉ်ထားသလို ဒီကနေ့ စတင်မယ်

staffan_de_mistura_

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ဆီးရီးယား ပြည်သူတွေ ကို ဦးတည်ပြီးမစ္စတာ ဒီမစ္စတူရာ ဗီဒီယို နဲ့ စကားပြော။

ဆီးရီးယား ပြည်တွင်းစစ် ရပ်စဲ ရေး အတွက် ရည်ရွယ် ထားတဲ့ ငြိမ်းချမ်းရေး စကားပြောပွဲ ကို စီစဉ်ထားတဲ့ အတိုင်း ဇန်နဝါရီ ၂၉ ရက် သောကြာနေ့ ဂျနီဗာ မြို့ မှာ စတင်မှာ ဖြစ်တယ် လို့ ကုလသမဂ္ဂ က အတည်ပြု ပါတယ်။

အဲဒီ့ အတည်ပြုချက် ဟာ ကုလသမဂ္ဂ ရဲ့ ဆီးရီးယား နိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် စတယ်ဖန် ဒီမစ္စတူရာ ရဲ့ ရုံးခန်း ကနေ လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဓိက အတိုက်အခံ တွေ ရဲ့ စုပေါင်း အဖွဲ့ဖြစ်တဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကော်မတီ တကယ်တမ်း ပါဝင် တက်ရောက် မှာလား ဆိုတာ ကတော့ မရေမရာ အခြေအနေမှာ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

မစ္စတာ ဒီမစ္စတူရာ ကတော့ ဆီးရီးယား ပြည်သူတွေ ကို ဦးတည်ပြီး ဗီဒီယို နဲ့ စကားပြော ခဲ့တာမှာ အခု ကျင်းပမယ့် စကားပြောပွဲ တွေကို အောင်မြင်အောင် ကျင်းပမယ်လို့ ဆိုထား ပါတယ်။