ဆီးရီးယား က ရာဘီယာ မြို့ကို အစိုးရတပ် ပြန်သိမ်း

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆီးရီးယား နိုင်ငံ Latakia ခရိုင်ထဲက Rabiya မြို့ကို သူပုန်တွေ လက်ထဲကနေ ပြန်လည် သိမ်းယူ နိုင်ခဲ့တယ်လို့ ဆီးရီးယား အစိုးရ တာဝန် ရှိသူတွေက ပြောပါတယ်။
ဗြိတိန် နိုင်ငံ အခြေစိုက် ဆီးရီးယား နိုင်ငံ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ကြီးကတော့ အစိုးရ စစ်တပ်ဟာ ရုရှ ရဲ့ လေကြောင်း ပစ်ကူ တွေ ပြီးတော့ ရုရှ စစ်တပ် အရာရှိ အချို့ရဲ့ စီစဉ် ညွှန်ကြားမှုတွေနဲ့ Rabiya မြို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။
Rabiya မြို့ကို သိမ်းယူ နိုင်ခြင်းက အစိုးရ စစ်တပ် အနေနဲ့ တူရကီ နယ်စပ် ကနေ ဆီးရီးယား မြောက်ပိုင်း တစ်လျှောက် က သူပုန်တွေရဲ့ ရိက္ခာ ထောက်ပံ့ရေး လမ်းကြောင်းကို ပိုမို ဖိအား ပေး နိုင်တော့မှာ ဖြစ်ပါတယ်။




