ငတ်မွတ်စေခြင်းကို လက်နက်သဖွယ် အသုံးချတာ စစ်ရာဇဝတ်မှု မြောက်တယ်

_madaya_aid_
ဓာတ်ပုံ ပုံစာ, ကျင့်ဝတ်တရား ကင်းမဲ့တဲ့ ကျူးလွန်မှုမျိုးကို ဆီးရီးယား စစ်ပွဲမှာ ပါဝင် ပတ်သက် နေတဲ့ အဖွဲ့တွေ အားလုံး လုပ်ဆောင် နေ

ဆီးရီးယား ပဋိပက္ခ အတွင်း လူတွေ ငတ်မွတ်အောင် ပြုလုပ်တာကို လက်နက် သဖွယ် အသုံး ပြုနေတာ ဟာ စစ်ရာဇ၀တ်မှု မြောက်တယ် ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း က ပြောလိုက် ပါတယ်။

အဲဒီလို ကျင့်ဝတ်တရား ကင်းမဲ့တဲ့ ကျူးလွန်မှုမျိုးကို ဆီးရီးယား စစ်ပွဲမှာ ပါဝင် ပတ်သက် နေတဲ့ အဖွဲ့တွေ အားလုံး လုပ်ဆောင် နေကြတာ ဖြစ်တယ် ဆိုပြီးတော့လည်း မစ္စတာဘန် က စွပ်စွဲ ပြစ်တင် ခဲ့ပါတယ်။

ဆီးရီးယား ထဲက လက်နက်ကိုင် တွေ အနေနဲ့ မြို့ရွာတွေကို ပိတ်ဆို့ ထားကြတာတွေ ကနေ ရုတ်သိမ်း ပါဆိုပြီး ပြင်သစ်၊ ဗြိတိန် နဲ့ အမေရိကန် ပြည်ထောင်စု တို့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အရေးပေါ် အစည်းအဝေး မှာ တောင်းဆို ခဲ့ပါတယ်။

အဲဒီလို ရုတ်သိမ်း ပေးမှသာ ပိတ်မိ နေတဲ့ သိန်းပေါင်း များစွာသော ဆီးရီးယား အရပ်သားတွေ ဆီ လိုအပ်တဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ ကို အရောက်ပို့နိုင် မှာ ဖြစ်တယ်လို့ လည်း အဲဒီ့ နိုင်ငံ တွေက တိုက်တွန်း နေပါတယ်။

ဆီးရီးယား သူပုန်တွေ ထိန်းချုပ်ထား တဲ့အတွက် ဆီးရီးယား အစိုးရ အပေါ် လိုလားတဲ့ တပ်တွေ က ပိတ်ဆို့ တာ ခံ ထားရတဲ့ မဒါဒယား မြို့ထဲကို အစောပိုင်းကတော့ ထောက်ပံ့ရေး ပစ္စည်း တွေ သယ်ဆောင် လာတဲ့ ယာဉ်တန်း ဟာ အခု သီတင်းပတ် အတွင်း ဒုတိယ အကြိမ်မြောက် အဖြစ် ဝင်ရောက် သွားပြီ ဖြစ်ပါတယ်။

သူပုန်တပ် တွေ အဝိုင်း ခံထားရတဲ့ မြောက်ပိုင်း မြို့တွေ ဖြစ်တဲ့ Kfraya နဲ့ al-Fu'ah မြို့တွေ ဆီကိုလည်း ထောက်ပံ့ရေး ယာဉ်တန်း ထွက်ခွာ သွားပြီ ဆိုတဲ့ သတင်းတွေ ရထား ပါတယ်။