မဒါးယာ ကို ဆက်လက် ကူညီဖို့လိုအပ်

ဓာတ်ပုံ ရင်းမြစ်, AP
အစာရေစာ ပြတ်လပ်ပြီး ငတ်မွတ်မှု ဘေးကို ရင်ဆိုင် နေရတဲ့ ဆီးရီးယား နိုင်ငံ မဒါးယာ မြို့က အရပ်သားတွေကို အစားအသောက်၊ ဆေးဝါး နဲ့ စောင် တွေကို ကုလသမဂ္ဂ အဖွဲ့က ထောက်ပံ့ ကူညီ မှုတွေ ပြုလုပ် နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကုလသမဂ္ဂ အဖွဲ့ကြီးက နိုင်ငံတကက ပေးပို့တဲ့ထောက်ပံ့ ကူညီ မှုတွေဟာ တစ်ကြိမ် တစ်ခါတည်း မြို့ကို ဝင်ရောက်ခွင့်ရတာမျိုး မဖြစ်သင့်ကြောင်း သတိပေး ပြောကြား ထားပါတယ်။
ဆီးရီးယား နိုင်ငံက အရေးပေါ် ကူညီမှုတွေ လိုအပ်နေတဲ့ နေရာတွေကို ဆက်လက် သွားရောက် နိုင်ဖို့ ကုလသမဂ္ဂ အဖွဲ့ကြီး က ဦးဆောင်တဲ့ ထောက်ပံ့ ကူညီရေး အေဂျင်စီ တွေ ကို ဆက်လက် ဝင်ရောက် ခွင့်ပြုသင့်ကြောင်း ကိုလည်း တိုက်တွန်း ခဲ့ပါတယ်။
ဆက်လက်ပြီး မဒါးယာ မြို့က လူ ၄၀၀ လောက်ဟာ အရေးပေါ် ဆေးဝါး ကုသမှု လိုအပ်တဲ့ အတွက် မြို့ကနေ ထွက်ခွာခွင့် ပေးဖို့ ကုလသမဂ္ဂ အဖွဲ့ကြီးက တောင်းဆို ခဲ့ပါတယ်။
ဆီးရီးယား အစိုးရကတော့ မဒါးယာ မြို့ကနေ ကယ်ထုတ် လာမယ့် လူတွေထဲမှာ သူပုန်တွေ ပါလာနိုင်တယ်လို့ ပြောဆိုကာ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ပြောကြားနေပါတယ်။




