Charlie Hebdo တိုက်ခိုက်မှု တနှစ်ပြည့်

 charlie Hebdo

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မဂ္ဂဇင်း တိုက်ခိုက်မှု အတွက် ဆန္ဒပြခဲ့ကြ

Charlie Hebdo ပြင်သစ် သရော်စာ မဂ္ဂဇင်းရုံးခန်းကို အစ္စလာမ္မစ် အစွန်းရောက်တွေ ဝင်တိုက်ခိုက်ခံရတာ တနှစ်ပြည့် အထိမ်းအမှတ် မဂ္ဂဇင်း ကို ထုတ်ဖို့ ရှိပါတယ်။

အဲဒိ စာစောင် မျက်နှာဖုံးမှာ ရိုင်ဖယ် ကိုင်ထားတဲ့ မုတ်ဆိတ်နဲ့ ဘုရားသခင်က သွေးစက်လက်နဲ့ ထွက်ပြေးနေတဲ့ ပုံကို တင်ပြီး ထုတ်မှာ လို့ သိရပါတယ်။

တနှစ် ရှိသွားပေမယ့် လူသတ်သမားတွေ လွတ်နေဆဲပဲ လို့လည်း ခေါင်းစီး စာသား ပါရှိပါတယ်။

မနှစ် ဇန်နဝါရီ ၇ ရက်က တိုက်ခိုက်မှုကြောင့် လူ ၁၂ ယောက် သေဆုံးခဲ့ရပေမယ့် ဒီမဂ္ဂဇင်းကို ဆက်ထုတ်သွားမယ်လို့ တနှစ်ပြည့် စာစောင် ခေါင်းကြီးမှာ ရေးသား ထားပါတယ်။