ဆော်ဒီမှာ အမျိုးသမီးတွေ ပထမဆုံး မဲပေးခွင့်ရ

ဓာတ်ပုံ ရင်းမြစ်, bbc
မက္ကာခရိုင် ကောင်စီမှာဆယ်မာ ဘင့် ဟစ်ဇက် အယ် အိုတိုင်ဘီ က ပထမဆုံး အနိုင်ရတဲ့အမျိုးသမီး ကိုယ်စားလှယ်ဖြစ်ပါတယ်။
အခြား အမျိုးသမီးတချို့လည်း ဂျက်ဒါ တို့ ကာတစ်ဖ် စတဲ့ ဒေသတွေ အပါအ၀င် ဒေသတချို့ ဘက်မှာ မဲအနိုင်ရရှိပြီးတော့ ပြည်သူ့ ၀န်ထမ်းရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ရုံးတွေ မှာ စီမံခန့်ခွဲခွင့်တွေ ရလာကြပါပြီ။
အမျိုးသား ကိုယ်စားလှယ် ၆၀၀၀ နဲ့ အတူ အရွေးခံကြတာ ဖြစ်ပါတယ်။
နိုင်ငံမှာ ပထမဆုံးအကြိမ် မဲပေးခွင့် အရွေးချယ်ခံပိုင်ခွင့် ရတဲ့ မဲပေးပွဲမို့ ဆော်ဒီအမျိုးသမီးတွေအတွက် တကယ့်ကို သမိုင်းထဲက နေ့တနေ့ ဖြစ်ခဲ့ပါတယ်။
နိုင်ငံတ၀န်းက ဆော်ဒီ အမျိုးသမီး ၁သိန်း ၃ သောင်းလောက် မဲထည့်ဖို့ စာရင်း လာပေးကြတယ်လို့ သိရပါတယ်။
မိဘမောင်ဘွား မပါပဲ အများပြည်သူ သွားလာ နေကျ နေရာတွေ ကို အမျိုးသမီးတယောက်ထည်း သွားခွင့်မရတာစတဲ့ အကန့်အသတ် တွေက ရှိနေဆဲပါ။
အခုဒေသဆိုင်ရာ ရွေးကောက်ပွဲမှာ အမျိုးသမီး ကိုယ်စားလှယ်တွေ က အမျိုးသားတွေ ဆီသွားရောက် မဲဆွယ်ခွင့် မရှိသေးပါဘူး။
ဇန်နဝါရီလတုန်းက ဆုံးခဲ့တဲ့ ဆော်ဒီ ဘုရင် အဒူလာ ချမှတ် ခဲ့တဲ့ ပြုပြင် ပြောင်းလဲရေး ရဲ့ ရလဒ် ဖြစ်တဲ့အမျိုးသမီးတွေ အရွေး ချယ်ခံပိုင်ခွင့်နဲ့ မဲပေးခွင့်တွေ ကတော့ ဆော်ဒီအာရေဗီးယား နိုင်ငံ ရဲ့ သမိုင်းမှတ် တိုင် တစ်ခု ဖြစ်ပါတယ်။








