ဆီးရီးယား ဒုက္ခသည် ခေါ်ဖို့ ကန်ဆိုင်းငံ့

ဓာတ်ပုံ ရင်းမြစ်, AFP
အီရတ်နဲ့ ဆီးရီးယားက ဒုက္ခသည် တသောင်း ကို နောက်နှစ် အတွင်း အမေရိကန်ကို ခေါ်မယ့် သမ္မတ အိုဘားမား ရဲ့ အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ အမေရိကန် ကွန်ဂရက် လွှတ်တော်က ပြဋ္ဌာန်း လိုက်ပါတယ်။
ဒီဥပဒေ သမ္မတ ရှေ့ ရောက်လာရင် ဗီတို နဲ့ ပယ်ချမယ်လို့ အိမ်ဖြူတော် ဘက်က ခြိမ်းခြောက် ထားပါတယ်။
ဒီဥပဒေသစ် အရ ဆီးရီးယားနဲ့ အီရတ်က ဝင်လာတဲ့ ဒုက္ခသည် တိုင်းကို အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ အဖွဲ့ ၃ ဖွဲ့က အကြီးအကဲတွေက အတည်ပြု ပေးဖို့ ပါပါတယ်။
ဒီဥပဒေ ကို ဆီးနိတ် လွှတ်တော်ကို တင် ရဖို့လည်း ရှိပါတယ်။
ကွန်ဂရက် လွှတ်တော် အမတ် ၃ ပုံ ၂ ပုံ ကျော် အသာနဲ့ ဒီဥပဒေ ကို ပြဋ္ဌာန်း ခဲ့ပြီး ဒီမိုကရက်ပါတီ က အမတ်တွေလည်း အများအပြား ထောက်ခံခဲ့ကြ ပါတယ်။
အရင်တပတ် ပဲရစ် မြို့ တိုက်ခိုက်မှု တွေ အပြီး လုံခြုံရေး ထိန်းချုပ်မှုတွေ ပိုလုပ်ဖို့ လိုလာပြီ လို့လည်း ကွန်ဂရက် အမတ် တွေက ဆိုပါတယ်။
ဒီလို ဒုက္ခသည်တွေကို အဝင်မခံဘဲ တံခါး ပိတ်ထားတာဟာ အမေရိကန် လူ့အဖွဲ့အစည်းရဲ့ စံနှုန်း တွေရဲ့ မကိုက်ညီဘဲ အကြမ်းဖက် သမား တွေရဲ့ အဖျက် လုပ်ရပ် တွေကို အားပေး သလို ဖြစ်နေတယ် လို့ လည်း ဝေဖန် နေကြပါတယ်။




