ဆီးရီးယား ဒုက္ခသည် ၃ သန်း ထပ်ထွက်လာနိုင်

ဓာတ်ပုံ ရင်းမြစ်, AP
ဆီးရီးယား ပြည်တွင်းစစ် အရှိန် တိုးမြင့် လာတဲ့အတွက် ဆီးရီးယား ဒုက္ခသည်တွေ နောက်ထပ် သန်းနဲ့ချီပြီး ထွက်ပြေး လာနိုင်ကြောင်း တူရကီက အီးယူကို သတိပေး ခဲ့တယ်လို့ အီးယူ ဥက္ကဋ္ဌ ဒေါ်နယ် တာ့စ်ခ်က ပြောပါတယ်။
ရုရှားနဲ့ အီးရန် တို့ရဲ့ စစ်ရေး အကူအညီတွေကြောင့် ဆီးရီးယား သမ္မတ အာဆတ် အောင်မြင်မှု ရလာတာဟာ ဒုက္ခသည်တွေကို ပိုမို ထွက်ပြေးလာဖို့ အများကြီး အလားအလာ ဖြစ်စေတယ်လို့ သူက ဆိုပါတယ်။
အလက်ပို မြို့နဲ့ အနီးတဝိုက် ဒေသတွေကနေ ဆီးရီးယား ဒုက္ခသည် နောက်ထပ် ၃ သန်းလောက် ထွက်ပြေး လာဖွယ် ရှိနေတယ်လို့ တူရကီက ခန့်မှန်းပါတယ်။
ရွှေ့ပြောင်း နေထိုင်သူများ ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ကတော့ ဆီးရီးယား ကနေ နောက်ထပ် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အခုချိန်အထိ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။




