ပဲရစ်မြို့တိုက်ခိုက်မှု လက်သည်ကို ပြင်သစ်ရဲတွေ ပြန်လွှတ်ပေးမိခဲ့

ပဲရစ်မြို့ တော်ကို တိုက်ခိုက် ခဲ့မှုတွေထဲ တိုက်ရိုက် ပါဝင် ပတ်သက်ခဲ့ သူ လို့ ယူဆ ရသူ တစ်ဦး ထွက်ပြေး တိမ်းရှောင် နေတယ် ဆိုပြီး ပြင်သစ် အာဏာပိုင် တွေ က ပြောပါတယ်။
ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်စ်ဆဲလ် မြို့ မှာ မွေးဖွားတဲ့ အသက် ၂၆ နှစ် အရွယ် Salah Abdeslam နဲ့ ပတ်သက်ပြီး သတင်း တွေ ပေးကြ ပါလို့ အများပြည်သူ ကို အသိပေး ထားပါတယ်။
နောက်ဆုံး ထွက်ပေါ် လာတဲ့ သတင်းတွေအရ တိုက်ခိုက်မှုတွေ ဖြစ်ပေါ် အပြီး နာရီ အနည်းငယ် အကြာ မှာ Salah Abdeslam လိုက်ပါလာတဲ့ ကား ကို ပြင်သစ်ရဲ တွေ က ရပ်တန့် စစ်ဆေး ခဲ့သေးတယ် လို့ ဆိုပါတယ်။
ဘယ်လ်ဂျီယမ် နယ်စပ်ကို ဦးတည်သွား နေတဲ့ ကားကို ရပ်တန့်ပြီး မေးခွန်းတွေ မေး၊ လိုအပ်တဲ့စာရွက်စာတမ်း တွေ ကို တောင်းကြည့်ပြီး မှ ပြန်လွှတ် ပေးခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။
Salah Abdeslam အပါအဝင် ညီအစ်ကို ၃ ဦး ဟာ ပဲရစ် မြို့ တိုက်ခိုက် မှု တွေ ထဲ ပါဝင် ခဲ့တယ် လို့ ယူဆ ထားပြီး တစ်ယောက် ကတော့ ဘာတာကလော်န် ဂီတ ခန်းမ တိုက်ခိုက်မှု အတွင်း သေဆုံး ခဲ့ကာ၊ နောက်တစ်ဦး ကို ဘယ်လ်ဂျီယမ် မှာ ဖမ်းဆီး မိထားပါတယ်။




