ပဲရစ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်လ်ဂျီယမ်မှာ လူ၃ယောက်ကို ဖမ်း

ပဲရစ်မြို့ တိုက်ခိုက်မှု တွေ နဲ့ ဆက်စပ်ပြီး ဘယ်လ်ဂျီယမ် နိုင်ငံ ဘရပ်စ်ဆဲလ်စ် မြို့မှာ ရဲ တပ်ဖွဲ့ က လူ ၃ ယောက်ကို ဖမ်းဆီး လိုက်ပါတယ်။
အတိုက်အခိုက် ခံခဲ့ရတဲ့ ဘာ့ထာကလော်န် ဂီတပွဲ ခန်းမ အနီး ဘယ်လ်ဂျီယမ် နံပါတ်ပြား တပ်ထားတဲ့ ပိုလို ကား အမည်းရောင် ကို တွေ ခဲ့ရတဲ့ နောက် အခုလို ဖမ်းဆီးမှု တွေ လုပ်ဆောင် ခဲ့တာ ဖြစ်တယ် လို့ ဘယ်လ်ဂျီယမ် တရားရေး ဌာန က ပြောပါတယ်။
အဲဒီ့ ကားကို ငှားရမ်းခဲ့ သူ ကို ဘရပ်စ်ဆဲလ် မှာ နေထိုင်တဲ့ တခြားသူ ၂ ဦး နဲ့ အတူ ဘယ်လ်ဂျီယမ် နယ်စပ် အနီး တခြား ကားတစ်စင်းထဲ တွေ့ ခဲ့ရတဲ့ နောက် ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။
အခု ဖမ်းဆီး မိထားသူ တွေ ဟာ အခင်း ဖြစ်ရာ သောကြာ ညနေ ခင်း အချိန် ပဲရစ် မှာ ရှိနေသလား ဆိုတာ စမ်းစစ် နေတယ် ဆိုပြီး ဘယ်လ်ဂျီယမ် ဝန်ကြီးချုပ် ချားလ်စ် မီရှဲ က ပြောတယ်လို့ ဘယ်လ်ဂျီယမ် မီဒီယာ တွေ မှာ ဖော်ပြ နေပါတယ်။
ပဲရစ်မြို့ တိုက်ခိုက်မှု ကျူးလွန် ခဲ့တဲ့ တတိယမြောက် သေနတ် သမား အုပ်စု ထွက်ပြေး လွတ်မြောက် သွား ခဲ့တယ် ဆိုတဲ့ အယူအဆ အပေါ် အခြေခံပြီး စုံစမ်း မှု တွေ ပြုလုပ် နေကြတာ ဖြစ်တယ် လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။




