ပဲရစ်မြို့တိုက်ခိုက်မှုတွေထဲ လူတွေ ရာချီ သေဆုံးနိုင်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ ပစ်ခတ်မှု နဲ့ ပေါက်ကွဲမှု တွေ ဆက်တိုက် ဖြစ်ပေါ် ခဲ့လို့ လူ အများအပြား သေဆုံးခဲ့ ရပါတယ်။
ဓားစာခံတွေ အဖမ်းခံထားရတဲ့ ကပွဲရုံ ခန်းမထဲ ပြင်သစ်ရဲ တွေ ဝင်ရောက် စီးနင်းခဲ့ ပါတယ်။
အဲဒီ့ Bataclan ခန်းမ မှာ လူ ၁၀၀ ကျော် အထိ သေဆုံး နိုင်ခဲ့ပါတယ်။
အနည်းဆုံး သေနတ်သမား ၂ ဦး လည်း အဲဒီ့မှာ သေဆုံး ခဲ့ပါတယ်။
အစောပိုင်းတုန်း က အနီးအနား က စားသောက်ဆိုင်ရာ သေနတ် သမား တစ်ဦး က ပစ်ခတ်လို့ အနည်းဆုံး ၁၀ ဦး သေဆုံး ခဲ့ ရပါတယ်။
ပြင်သစ် နဲ့ ဂျာမနီ ဘော်လုံး အသင်းတွေ ချစ်ကြည်ရေးပွဲ ကန်နေတဲ့ the Stade de France ကွင်း အနီးမှာလည်း ပေါက်ကွဲမှု တချို့ ဖြစ်ပေါ် ခဲ့ ပါတယ်။
အဲဒီ့ ပေါက်ကွဲမှု တွေ ဟာ အသေခံ ဗုံးခွဲ တိုက်ခိုက် မှု တွေ ဖြစ်တယ် လို့ ပြောနေသူ တွေ ဖြစ်ပါ တယ်။
ပြင်သစ်သမ္မတ ဖရော်န်ဆွာ အိုလော်န့် က အခုဆို တနိုင်ငံလုံး အရေးပေါ် အခြေအနေ ကြေညာ လိုက်ပြီး၊ ပြင်သစ် ရဲ့ နယ်စပ် ဝင်ပေါက် ထွက်ပေါက် အားလုံးကို ပိတ် ချ လိုက် ပါတယ်။
ဘီဘီစီရဲ့ ဝက်ဘ်ဆိုက်မှာလည်း ပြင်သစ် တိုက်ခိုက်မှု အကြောင်း အချိန်နဲ့ တပြေးညီ သတင်းတွေ တင်ပေးနေတာ ကို သွားရောက် ကြည့်ရှု နိုင်ကြပါတယ်။
http://www.bbc.co.uk/news/live/world-europe-34815972








