ရေနံပိုက်လိုင်း အစီအစဉ် အိုဘားမား ပယ်ချ

ဓာတ်ပုံ ရင်းမြစ်, AP
ကနေဒါ ကနေ အမေရိကန် ပြည်ထောင်စု ကို ရေနံပိုက်လိုင်း သွယ်တန်း ထားရှိမယ့် အငြင်းပွားဖွယ် အစီအစဉ်ကို သမ္မတ အိုဘားမား က ပယ်ချ လိုက် ပါတယ်။
Keystone XL လို့ ခေါ်တဲ့ အဲဒီ့ စီမံကိန်း ဟာ အမေရိကန် စီးပွားရေး တိုးတက် အောင် လုပ်ဆောင် နိုင်မှာ မဟုတ် သလို တိုင်းပြည်ရဲ့ စွမ်းအင် လုံခြုံရေး အတွက်လည်း အထောက်အကူ မဖြစ် စေနိုင်ဘူး လို့ သမ္မတ အိုဘားမား က ဆိုပါတယ်။
အမေရိကန် သမ္မတရဲ့ ဆုံးဖြတ်ချက် အပေါ် စိတ်ပျက်ရတယ် လို့ ကနေဒါ ရဲ့ ၀န်ကြီးချုပ်သစ် ဂျပ်စတင် ထရူဒို က ပြောပေမယ့် ကနေဒါ နဲ့ အမေရိကန် ဆက်ဆံရေး ဟာ ခိုင်မာနေဆဲ ဖြစ်တယ် လို့ ပြော ပါတယ်။




