ရွှေ့ပြောင်းသူတွေအရေး အီးယူ ထိပ်သီး အစည်းအဝေးကျင်းပ

eu_migrants

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, ရွှေ့ပြောင်း သူတွေ ကို တနိုင်ငံ ကနေ တနိုင်ငံ အကြား လက်လွှဲပေး နေတာ မျိုးကို ရပ်ရမယ်။

ဥရောပ တိုက်ထဲကို ရွှေ့ပြောင်း ဝင်ရောက်သူတွေ အရေးနဲ့ ပတ်သက်ပြီး ဘရပ်ဆဲလ်စ် မြို့မှာ ဥရောပ သမဂ္ဂ အီးယူ နဲ့ ဘော်လ်ကန်ဒေသ နိုင်ငံ တွေက ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေး နေကြ တာမှာ အပြန်အလှန် ဒေါသတကြီး ငြင်းခုန်မှု တွေ ဖြစ်ခဲ့ ကြပါတယ်။

ဘော်လ်ကန်ဒေသ နိုင်ငံ တွေ အနေနဲ့ အင်မတန် ရှုပ်ထွေး စေတဲ့ အခြေအနေ မျိုးတွေ အောက်မှာ ရွှေ့ပြောင်း သူတွေ ကို အိမ်နီးချင်း တနိုင်ငံ ကနေ တနိုင်ငံ အကြား လက်လွှဲပေး နေတာ မျိုးကို ရပ်တန့် ရမယ် ဆိုပြီး ဥရောပ ကော်မရှင် ဥက္ကဌ ယန်း ကလို့ဒ် ယွန်ကာ က ပြောပါတယ်။

ဘော်လ်ကန် နိုင်ငံ တွေ အကြား ရွှေ့ပြောင်းသူတွေ အရေး သဘောတူညီချက် တစုံတရာမှ ရမလာဘူး ဆိုရင် မကြာခင်မှာပဲ အင်မတန် အေးခဲ လှတဲ့ ဘော်လ်ကန် မြစ်တွေ ထဲမှာ ရွှေ့ပြောင်းသူ တွေ မိသားစု လိုက် သေဆုံး မျောပါနေတာ ကို တွေ့လာ ရတော့မယ် လို့လည်း မစ္စတာ ယွန်ကာ က ဆိုပါတယ်။

ဘော်လ်ကန် နိုင်ငံ တစ်ခု ဖြစ်တဲ့ ဆလိုဗေးနီးယား ရဲ့ ဝန်ကြီးချုပ် မီရိုဆယ်ရား ကလည်း အခု ကြုံတွေ့ နေရတဲ့ ရွှေ့ပြောင်းသူ တွေ အရေး နဲ့ ပတ်သက်ပြီး အီးယူ အနေနဲ့ ပိုပြီး ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှု တွေ မပြုလုပ် ဘူးဆိုရင် အီးယူ အဖွဲ့ ကိုယ်တိုင် ပြိုကွဲသွား နိုင်တယ် လို့ တန်ပြန် သတိ ပေး ခဲ့ ပါတယ်။