ဆေးပညာနိုဘယ်ဆု ကပ်ပါးရောဂါ သုတေသီတွေရရှိ

ဓာတ်ပုံ ရင်းမြစ်, AFP
အခုနှစ် အတွက် ဆေးပညာ ဆိုင်ရာ နိုဘယ်ဆုကို ကပ်ပါးကောင် တွေကြောင့် ဖြစ်ရတဲ့ ရောဂါတွေ အကြောင်း လေ့လာသူ သုတေသီ ၃ ဦးက ပူးတွဲ ရရှိသွားပါတယ်။
အိုင်ယာလန်က ဝီလျံ ကမ့်ဘဲလ် William C Campbell နဲ့ ဂျပန်က ဆာတိုရှီ အိုမူရာ Satoshi Ōmura တို့ နှစ်ဦးဟာ သန်ကောင်ကြောင့် ဖြစ်တဲ့ ကူးစက် ရောဂါတွေကို တိုက်ဖျက်ရာမှာ နည်းလမ်း အသစ် တစ်ခု တွေ့ခဲ့ကြတာ ဖြစ်ပြီး၊ တရုတ် နိုင်ငံသား ယူယူတူ Youyou Tu ကတော့ ငှက်ဖျားရောဂါ ကုသနည်း အသစ် တစ်ခုကို ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
သူတို့ ၃ ဦးရဲ့ တွေ့ရှိမှု တွေကြောင့် ကပ်ပါးကောင် ရောဂါတွေ ခံစားခဲ့ရတဲ့ ကမ္ဘာပေါ်က သန်းပေါင်း ရာနဲ့ချီတဲ့ လူတွေရဲ့ ဘဝတွေ ပြောင်းလဲ ခဲ့ရတယ်လို့ နိုဘယ်ဆု ကော်မီတီက ပြောပါတယ်။
ခြင်ကြောင့် ဖြစ်တဲ့ ငှက်ဖျား ရောဂါကြောင့် နှစ်စဉ် လူ ၄ သိန်းခွဲ ကျော် သေဆုံးရပြီး နောက်ထပ် သန်းထောင်ပေါင်းများစွာ ကူးစက် ခံရမယ့် အန္တရာယ် ရှိနေပါတယ်။
ကမ္ဘာ့ လူဦးရေရဲ့ သုံးပုံ တစ်ပုံကတော့ အမြင် ချို့တဲ့တဲ့ ရောဂါ river blindness နဲ့ ဆင်ခြင်ထောက် ရောဂါ lymphatic filariasis တွေ အပါအဝင် ကပ်ပါးကောင် တွေကြောင့် ဖြစ်တဲ့ ရောဂါတွေကို ခံစား နေရပါတယ်။




