အင်္ဂါဂြိုလ်ပေါ် ရေရှင်စီးကြောင်း သက်သေတွေ့

_mars_water_streaks
ဓာတ်ပုံ ပုံစာ, အင်္ဂါဂြိုလ် ပေါ်မှာ အစဦး သက်ရှိပုံစံ တွေ ရှိနေနိုင်ဖို့ ဖြစ်နိုင်ခြေလည်း တိုးတက် လာပါတယ်။

မားစ် လို့ ခေါ်တဲ့ အင်္ဂါဂြိုလ် ပေါ်မှာ ရေရှင် စီးဆင်း နေတယ် ဆိုတာ ကို ပြသနေတဲ့ ထင်ရှားတဲ့ အထောက်အထားတွေ ကို အမေရိကန် အာကာသ အေဂျင်စီ NASA က ရ ရှိ ခဲ့ ပါတယ်။

ဒါ့ကြောင့် အင်္ဂါဂြိုလ် ပေါ်မှာ အစဦး သက်ရှိပုံစံ တွေ ရှိနေနိုင်ဖို့ ဖြစ်နိုင်ခြေလည်း တိုးတက် လာပါတယ်။

အင်္ဂါဂြိုလ် ရဲ့ ဂြိုလ်ပတ်လမ်းထဲ NASA က လွှတ်တင် ထားတဲ့ လူမဲ့ အာကာသ ယာဉ်ပျံ ကနေ ပေး ပို့ ခဲ့တဲ့ ဓာတ်ပုံ တွေ ထဲမှာ အင်္ဂါဂြိုလ်ရဲ့ နွေရာသီ လ တွေတုန်းက ဆားပျော်ရည် တွေ စီးဆင်းလို့ ဖြစ်ပေါ် ခဲ့တဲ့ လမ်းကြောင်း တွေ ကို တွေ့မြင် နေရပါတယ်။

အခုချိန် မတိုင်ခင်အောင်ထိ အင်္ဂါဂြိုလ် ပေါ်မှာ သက်ရှိ နဲ့ အပင်တွေ ရှင်သန် နိုင်စရာ ရေမရှိ ဘူး ဆိုပြီး ယူ ဆ ထားခဲ့ကြတာ ဖြစ်ပါတယ်။